ဆီးချိုရောဂါ ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ ရောဂါလက္ခဏာများ

  • 10 Oct, 2019
  • အဖြစ်များသောရောဂါများ

ဆီးချိုရောဂါ ဆိုတာကတော့ ကမ္ဘာ့အဖြစ်များဆုံး ရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆီးချိုရောဂါကို ဖြစ်ပွားစေတဲ့ အချက်ကတော့ သွေးတွင်း သကြားဓာတ် ပမာဏ မြင့်တက်လာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ ရောဂါလက္ခဏာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ဆီးချိုရောဂါ ဆိုတာကတော့ ကမ္ဘာ့အဖြစ်များဆုံး ရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆီးချိုရောဂါကို ဖြစ်ပွားစေတဲ့ အချက်ကတော့ သွေးတွင်း သကြားဓာတ် ပမာဏ မြင့်တက်လာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ ရောဂါလက္ခဏာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • မကြာခဏ ဆီးသွားခြင်း

သွေးတွင်း သကြားဓာတ် ပမာဏ မြင့်တက်လာတဲ့ အခါမှာ ကျောက်ကပ်အနေနဲ့ သွေးကြောအတွင်းမှာ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို စွန့်ထုတ်ပစ်နိုင်ဖို့အတွက် ဆောက်ရွက်ရပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို ခံစားနေရတဲ့ အခါမှာ မကြာခဏ ဆီးသွားခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။

  • ရေဆာခြင်း

‌သွေးတွင်း ပိုလျှံနေတဲ့ သကြားဓာတ်တွေကို စွန့်ထုတ်ပစ်ဖို့အတွက် မကြာခဏ ဆီးသွားရတာကြောင့် ခန္ဓာကိုယ် အတွင်းမှာ ရေဓာတ် နည်းပါးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေဆာခြင်းကို ဆီးချိုရောဂါ ဖြစ်ပွားတဲ့ အခါမှာ ခံစားရမှာ ဖြစ်ပါတယ်။

  • ဆာလောင်ခြင်း

ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေကနေ တစ်ဆင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သကြားဓာတ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သကြားဓာတ်တွေ ခန္ဓာကိုယ်ဆဲလ်တွေထဲကို မရောက်ရှိပဲ သွေးဆဲလ်တွေ အထဲမှာသာ သကြားဓာတ် ပမာဏ မြင့်တက်လာတာကြောင့် မကြာခဏ ဆာလောင်ခြင်းကို ခံစားရတာပဲ ဖြစ်ပါတယ်။

  • ပင်ပန်းနွမ်းနယ်ခြင်း

ဆီးချိုရောဂါကို ခံစားရတဲ့အခါမှာ ခန္ဓာကိုယ်တွင်း သကြားဓာတ် နည်းပါးသွားပြီး သွေးတွင်းသကြားဓာတ် မြင့်တက်လာတာကြောင့် ပင်ပန်းနွမ်းနယ်ခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

  • အမြင်အာရုံမှုန်ဝါးခြင်း

သွေးတွင်း သကြားဓာတ် ပမာဏ မြင့်တက်လာတဲ့ အခါမှာ မျက်လုံးသွေးကြောတွေကို ထိခိုက်စေနိုင်တာကြောင့် အမြင်အာရုံမှုန်ဝါးခြင်းကို ခံစားရနိုင်ပါတယ်။

  • ကိုယ်အလေးချိန် ကျဆင်းခြင်း

ဆီးသွားရာကနေတစ်ဆင့် သကြားဓာတ်တွေကို ဆုံးရှုံးလိုက်ရမှာ ဖြစ်တဲ့အပြင် ကယ်လိုရီတွေကိုလည်း ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်းကို ဆီးချိုရောဂါ ခံစားရတဲ့အခါမှာ ရင်ဆိုင်ရနိုင်ပါတယ်။

  • ခေါင်းကိုက်ခြင်း

သွေးတွင်း သကြားဓာတ် ပမာဏ မြင့်တက်ခြင်းကြောင့် မကြာခဏ ခေါင်းကိုက်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။

  • ခြေလက်များ ထုံကျဉ်ခြင်း

သွေးတွင်း သကြားဓာတ် ပမာဏ မြင့်တက်လာခြင်းကြောင့် သွေးလည်ပတ်မှုကို ထိခိုက်စေမှာဖြစ်ပြီး အာရုံကြောတွေရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ ဖြစ်ပွားခြင်းကြောင့် ခြေလက်များ ထုံကျဉ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.