ဓမ္မတာလာချိန် ခေါင်းကိုက်ခြင်းရဲ့ အကြောင်းအရင်းများ

  • 09 Oct, 2019
  • အမျိုးသမီးကျန်းမာရေး

အမျိုးသမီးတွေ အနေနဲ့ ဓမ္မတာလာချိန်မှာ နေထိုင်မကောင်းခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တဲ့အပြင် ခေါင်းကိုက်ခြင်း၊ မိုက်ခနဲဖြစ်ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဓမ္မတာလာချိန်မှာ ခေါင်းကိုက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေ အနေနဲ့ ဓမ္မတာလာချိန်မှာ နေထိုင်မကောင်းခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တဲ့အပြင် ခေါင်းကိုက်ခြင်း၊ မိုက်ခနဲဖြစ်ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဓမ္မတာလာချိန်မှာ ခေါင်းကိုက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • Prostaglandin ဟော်မုန်းများခြင်း

Prostaglandin ဟော်မုန်းဆိုတာကတော့ ခန္ဓာကိုယ်ဇီဝဗေဒဖြစ်စဉ်တွေကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဓမ္မတာလာချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အတွင်း Prostaglandin ဟော်မုန်း ထုတ်လွှတ်မှု များပြားခြင်းကြောင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် Prostaglandin ဟော်မုန်း ပမာဏ များပြားခြင်းကြောင့် သွေးလွှတ်ကြောတွေ ကျဉ်းမြောင်းသွားပြီး‌ ခေါင်းကိုက်ခြင်း၊ မိုက်ခနဲဖြစ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

  • သားအိမ်ကြွက်သားများ ကျဉ်းမြောင်းသွားခြင်း

ဓမ္မတာလာချိန်မှာ သားအိမ်ကြွက်သားတွေ ကျဉ်းမြောင်းသွားတာကြောင့် နာကျင်ကိုက်ခဲမှုတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် သားအိမ်ကြွက်သားတွေ ကျဉ်းမြောင်းသွားခြင်းကြောင့် ခေါင်းကိုက်ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

  • သွေးအားနည်းခြင်း

ဓမ္မတာလာချိန်မှာ သွေးဆင်းခြင်းကြောင့် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ သွေးနီဥတွေ နည်းပါးသွားလေ့ရှိပြီး ခေါင်းကိုက်ခြင်း၊ မိုက်ခနဲဖြစ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

  • ရေဓာတ်ခမ်းခြောက်ခြင်း

ဓမ္မတာဆင်းချိန်မှာ ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပွားလေ့ ရှိကြပါတယ်။ ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပွားခြင်းကြောင့် ဓမ္မတာလာချိန်မှာ ရေဓာတ်ခမ်းခြောက်မှုကို ခံစားရလေ့ ရှိကြပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မိုက်ခနဲဖြစ်ခြင်းတို့ကို ခံစားရမှာ ဖြစ်တဲ့အပြင် မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။

  • သွေးတွင်းသကြားဓာတ် လျော့နည်းခြင်း (Hypoglycemia)

ဓမ္မတာဆင်းချိန်မှာ သွေးတွင်းသကြားဓာတ်တွေ လျော့နည်းသွားခြင်းကြောင့် အချို့သော အမျိုးသမီးတွေ အနေနဲ့ မူးဝေခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

  • ဘက်တီးရီးယားပိုးဝင် သွေးဆိပ်သင့်ခြင်း (Toxic Shock Syndrome)

ဘက်တီးရီးယားပိုးဝင် သွေးဆိပ်သင့်ခြင်း ဆိုတာကတော့ အဖြစ်နည်းတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဓမ္မတလာချိန်မှာ လစဉ်သုံးပစ္စည်းတွေ အသုံးပြုပြီး လဲလှယ်ပေးခြင်း မရှိခဲ့ဘူးဆိုရင် လစဉ်သုံးပစ္စည်းကနေ တစ်ဆင့် ရောဂါပိုးကူးစက်နိုင်ပြီး ဘက်တီးရီးယားပိုးဝင် သွေးဆိပ်သင့်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင် သွေးဆိပ်သင့်ခြင်းကို ခံစားရတဲ့ အခါမှာ -

  • ခေါင်းကိုက်ခြင်း
  • လည်ချောင်းနာခြင်း
  • အဖျားကြီးခြင်း
  • မျက်စိနာခြင်း
  • အစာမကြေခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။
REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.