ကလေးငယ် အသားအရေ ခြောက်သွေ့ခြင်း အကြောင်း သိကောင်းစရာများ
- 07 Oct, 2019
- ကလေးကျန်းမာရေး
ကလေးငယ် အသားအရေ ခြောက်သွေ့ခြင်းကို မွေးကင်းစ ကလေးငယ်တွေမှာ များသောအားဖြင့် မြင်တွေ့ရလေ့ ရှိပါတယ်။ ကလေးငယ်တွေရဲ့ အသားအရေဟာ အရွယ်ရောက်ပြီးသူတွေရဲ့ အသားအရေထက် ပိုမိုနူးညံ့တာကြောင့် အသားအရေ ခြောက်သွေ့မှုကို ပိုမိုခံစားရတာပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေမှာ အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
ကလေးငယ် အသားအရေ ခြောက်သွေ့ခြင်းကို မွေးကင်းစ ကလေးငယ်တွေမှာ များသောအားဖြင့် မြင်တွေ့ရလေ့ ရှိပါတယ်။ ကလေးငယ်တွေရဲ့ အသားအရေဟာ အရွယ်ရောက်ပြီးသူတွေရဲ့ အသားအရေထက် ပိုမိုနူးညံ့တာကြောင့် အသားအရေ ခြောက်သွေ့မှုကို ပိုမိုခံစားရတာပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေမှာ အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
- မွေးကင်းစ ကလေးငယ်
အရေခွံကွာခြင်း
မွေးဖွားပြီး
တစ်ပတ်ကနေ နှစ်ပတ်အတွင်းမှာ ကလေးငယ်တွေရဲ့ အသားအရေဟာ အတော်ကို နူးညံ့တာကြောင့် အရေခွံကွာလေ့
ရှိကြပါတယ်။ အရေခွံကွာတဲ့ အချိန်မှာ ကလေးငယ်တွေ အနေနဲ့ အသားအရေ ခြောက်သွေ့ခြင်းကို
ခံစားရလေ့ ရှိပါတယ်။
- ရေနဲ့အထိတွေ့လွန်ခြင်း
ကလေးငယ်တွေကို
ရေနွေးဖြင့် အချိန်ကြာမြင့်စွာ ရေချိုးပေးခြင်းကြောင့်လည်း ကလေးငယ်တွေမှာ အသားအရေ ခြောက်သွေ့ခြင်းကို
ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် လူကြီးသုံး မျက်နှာသုတ်ပုဝါဖြင့် ကလေးငယ်ရဲ့ အသားအရေကို
သုတ်ပေးခြင်းကြောင့်လည်း အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- ရေဓာတ်ခမ်းခြောက်ခြင်း
မွေးကင်းစ ကလေးငယ်တွေမှာ
အသားအရေ ခြောက်သွေ့ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အချက်ကတော့ ရေဓာတ် ခမ်းခြောက်ခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ ဒါကြောင့် မွေးကင်းစ ကလေးငယ်တွေကို မိခင်နို့ရည်နဲ့ ရေတို့ကို မကြာခဏ တိုက်ကျွေးပေးခြင်းဖြင့်
အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- အယ်လ်ကိုဟော
(Alcohol) ပါဝင်တဲ့ အသားလှလိမ်းဆီများ အသုံးပြုခြင်း
ကလေးငယ်တွေရဲ့
အသားအရေဟာ အတော်ကို နူးညံ့တာကြောင့် အယ်လ်ကိုဟော (Alcohol) ပါဝင်တဲ့ အသားလှလိမ်းဆီတွေ၊
အသားလှခရင်မ်တွေ လိမ်းကျံပေးခြင်းကြောင့် အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- ကလေးနှင်းခူဖြစ်ခြင်း
ကလေးငယ်တွေမှာ
နှင်းခူရောဂါကို ခံစားရတဲ့ အခါမှာလည်း အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
ကလေးနှင်းခူရောဂါကို ခံစားရတဲ့ အခါမှာ အသားအရေ ခြောက်သွေ့ခြင်းအပြင် -
- အသားအရေ ယားယံခြင်း
- အသားအရေ ရောင်ရမ်းခြင်း
- အသားများ နီလာခြင်းစတဲ့
ရောဂါတွေကိုပါ ခံစားရနိုင်ပါတယ်။
ကလေးငယ် အသားအရေ
ခြောက်သွေ့ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ -
- ကလေးငယ်သုံး
အသားလှလိမ်းဆီတွေ၊ အသားလှခရင်မ်တွေ လိမ်းကျံပေးခြင်း
- အအေးမိရောဂါ
ဖြစ်ပွားခြင်း မရှိအောင် ကာကွယ်ခြင်း
- အယ်လ်ကိုဟော
ပါဝင်တဲ့ အသားလှဆီတွေ၊ ရေမွှေးတွေ အသုံးပြုမှုကို ရှောင်ကြဉ်ခြင်း
- အချိန်ကြာမြင့်စွာ ရေချိုးပေးခြင်းကို ရှောင်ကြဉ်ခြင်း
- နူးညံ့တဲ့မျက်နှာသုတ်ပုဝါကို အသုံးပြုခြင်းစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။
REF: MedicalNewsToday