ကလေး ပန်းနာရင်ကျပ် ရောဂါအကြောင်း သိကောင်းစရာများ
- 07 Oct, 2019
- ကလေးကျန်းမာရေး
ပန်းနာရင်ကျပ် ရောဂါကို လူကြီးတွေမှာပဲ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးအဖြစ် လူအများစုက မှတ်ယူထားလေ့ ရှိကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အသက် (၅) နှစ်အောက် ကလေးငယ် (၈၀) ရာခိုင်နှုန်း အနေနဲ့ ပန်းနာရပ်ကျပ် ရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။ ပန်းနာရင်ကျပ် ရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ပန်းနာရင်ကျပ်
ရောဂါကို လူကြီးတွေမှာပဲ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးအဖြစ် လူအများစုက မှတ်ယူထားလေ့
ရှိကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အသက် (၅) နှစ်အောက် ကလေးငယ် (၈၀) ရာခိုင်နှုန်း
အနေနဲ့ ပန်းနာရပ်ကျပ် ရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။ ပန်းနာရင်ကျပ် ရောဂါကို အဓိက
ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ကလေးငယ်တွေ
အနေနဲ့ ပန်းနာရင်ကျပ် ရောဂါကို ခံစားရတဲ့ အခါမှာ -
- မကြာခဏ ချောင်းဆိုးခြင်း
- နှုတ်ခမ်း၊
ခြေလက်များ ပြာနှမ်းခြင်း
- အသက်ရှူမြန်ခြင်း
- အသက်ရှူတိုင်း
တစ်ရွှီရွှီအသံမြည်ခြင်း
- မောပန်းနွမ်းနယ်ခြင်း
- အသက်ရှူမဝခြင်း
- အစာစားချင်စိတ်မရှိခြင်း
- ရင်ဘတ်အောင့်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်ကလေးငယ်
အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီး မကြာခဏ အသက်ရှူ မဝခြင်း၊
အသားအရေ အရောင်များ ပြောင်းလဲလာခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားလာရရင်တော့ အမြန်ဆုံး
သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသသင့်ပါတယ်။
ကလေး ပန်းနာရင်ကျပ်
ရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- မျိုးရိုးလိုက်ခြင်း
- အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါများ ခံစားဖူးခြင်း
- သတ်မှတ်ချိန်
မတိုင်ခင် စောမွေးခြင်း
- ကိုယ်ဝန်ဆောင်မိခင်
ဆေးလိပ်သောက်ခြင်း
- ကိုယ်အလေးချိန်
မပြည့်ပဲ မွေးဖွားလာခြင်း
- ဝတ်မှုန်နဲ့ဓာတ်မတည့်ခြင်း
- လေထုညစ်ညမ်းခြင်း
ကလေးငယ် ပန်းနာရပ်ကျပ်
ရောဂါဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ -
- ကလေးငယ် အသုံးအဆောင်
ပစ္စည်းများ၊ အိပ်ရာခင်းများကို ရေနွေးပူဖြင့် ဆေးကြောသန့်စင်ပေးခြင်း
- ကလေးငယ် အိပ်ခန်းကို
နေ့စဉ်သန့်ရှင်းရေး လုပ်ဆောင်ပေးခြင်း
- ကလေးငယ် အနားမှာ
ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း
- ကလေးရဲ့ အိပ်ခန်းအတွင်း
အိမ်မွေးတိရစ္ဆာန်များ ဝင်ရောက်မှုကို ကာကွယ်ခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။
REF: HealthLine, MedicalNewsToday
