ကလေးငယ်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဝမ်းချုပ်ခြင်းကို အလွယ်တကူ သက်သာ ပျောက်ကင်းစေမယ့် နည်းလမ်းများ

  • 07 Oct, 2019
  • ကလေးကျန်းမာရေး

ဝမ်းချုပ်ခြင်း ဝေဒနာကို အူသိမ်အူမ လှုပ်ရှားမှု နည်းပါးတဲ့ အခါမှာ ခံစားရလေ့ ရှိပါတယ်။ များသောအားဖြင့် မိခင်နို့ရည် တစ်မျိုးထဲသာ တိုက်ကျွေးလေ့ရှိတဲ့ ကလေးငယ်တွေမှာ ဝမ်းချုပ်ခြင်းကို မြင်တွေ့ရလေ့ မရှိပါဘူး။ ဒါပေမယ့် မိခင်နို့ထွက်အား မကောင်းတာကြောင့် အာဟာရနို့မှုန့်ကို အဓိက သုံးဆောင်နေတဲ့ ကလေးငယ်တွေမှာတော့ ဝမ်းချုပ်ခြင်း ဝေဒနာကို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို အစာအမာတွေ စတင်ကျွေးမွေးတဲ့ အခါမှာလည်း ဝမ်းချုပ်ခြင်းကို ခံစားရလေ့ ရှိပါတယ်။

ဝမ်းချုပ်ခြင်း ဝေဒနာကို အူသိမ်အူမ လှုပ်ရှားမှု နည်းပါးတဲ့ အခါမှာ ခံစားရလေ့ ရှိပါတယ်။ များသောအားဖြင့် မိခင်နို့ရည် တစ်မျိုးထဲသာ တိုက်ကျွေးလေ့ရှိတဲ့ ကလေးငယ်တွေမှာ ဝမ်းချုပ်ခြင်းကို မြင်တွေ့ရလေ့ မရှိပါဘူး။ ဒါပေမယ့် မိခင်နို့ထွက်အား မကောင်းတာကြောင့် အာဟာရနို့မှုန့်ကို အဓိက သုံးဆောင်နေတဲ့ ကလေးငယ်တွေမှာတော့ ဝမ်းချုပ်ခြင်း ဝေဒနာကို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို အစာအမာတွေ စတင်ကျွေးမွေးတဲ့ အခါမှာလည်း ဝမ်းချုပ်ခြင်းကို ခံစားရလေ့ ရှိပါတယ်။

ကလေးတွေ အနေနဲ့ ဝမ်းချုပ်ခြင်းကို ခံစားရတဲ့ အခါမှာ -

  • ဗိုက်အောင့်ခြင်း
  • ဝမ်းအမာများသွားခြင်း
  • ဝမ်းသွားတဲ့အခါသွေးပါခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • မကြာမဏငိုခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရလေ့ ရှိပါတယ်။

ကလေးငယ်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အာဟာရနို့မှုန့် အမျိုးအစား ပြောင်းလဲခြင်း

ကလေးငယ်ကို အာဟာရနို့မှုန့် တိုက်ကျွေးနေခဲ့တယ်ဆိုရင် နို့မှုန့်မှာ ပါဝင်တဲ့ အချို့သော ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ခြင်းကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပွားစေနိုင်တာကြောင့် အာဟာရနိ့မှုန့် အမျိုးအစား ပြောင်းလဲ တိုက်ကျွေး ကြည့်သင့်ပါတယ်။

  • အစာအမာများ ကျွေးကြည့်ခြင်း

အစာအမာများ ကျွေးခြင်းကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပွားစေလေ့ ရှိပေမယ့် အမျှင်ဓါတ် ကြွယ်ဝတဲ့ အသီးအနှံတွေ ဖြစ်တဲ့ -

  • ဂေါ်ဖီစိမ်း
  • သစ်တော်သီး
  • ဆီးသီး
  • မက်မွန်သီး
  • ပန်းသီးတို့ကို ကျွေးမွေးခြင်းဖြင့် ဝမ်းချုပ်ဝေဒနာကို သက်သာစေမှာ ဖြစ်ပါတယ်။ 


  • ရေဓာတ်ဖြည့်စွက်ပေးခြင်း

ရေဓာတ် ခမ်းခြောက်တဲ့ အခါမှာလည်း အူသိမ်အူမ လှုပ်ရှားမှုတွေ နည်းပါးသွားမှာဖြစ်ပြီး ဝမ်းချုပ်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ရေနဲ့နို့တို့ကို မကြာခဏ တိုက်ကျွေးပေးခြင်းဖြင့် ရေဓာတ် ခမ်းခြောက်မှုကို ကာကွယ်ပေးသွားမှာဖြစ်ပြီး ဝမ်းချုပ်ဝေဒနာကို သက်သာစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အသက် (၆) လအထက် ကလေးငယ်တွေကို ဆီးဖျော်ရည်၊ မက်မွန်သီးဖျော်ရည်တို့ တိုက်ကျွေးပေးမယ်ဆိုရင် အူသိမ်အူမ လှုပ်ရှားမှုတွေ ကောင်းမွန်လာမှာဖြစ်ပြီး ဝမ်းချုပ်ဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အချိုဓာတ် လွန်ကဲတဲ့ အချိုရည်တွေ တိုက်ကျွေးခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

  • နှိပ်နယ်ပေးခြင်း

အစာအိမ်နဲ့ ဝမ်းဗိုက်အောက်ပိုင်းကို နှိပ်နယ်ပေးခြင်း၊ ကလေးငယ်ရဲ့ ခြေလက်တွေကို လှုပ်ရှားပေးခြင်းဖြင့်လည်း အူအိမ်အူမ လှုပ်ရှားမှုတွေ ကောင်းမွန်လာမှာဖြစ်ပြီး ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့် ကလေးငယ်မှာ ခံစားနေရတဲ့ ဝမ်းချုပ်ဝေဒနာ သက်သာ ပျောက်ကင်းခြင်း မရှိဘူး ဆိုရင်တော့ ဝမ်းပျော့ဆေး တိုက်ကျွေးပေးခြင်း၊ ဂလစ်စရင်း (Glycerin) ဆေးတောင့် စအိုထဲထည့်ခြင်းစတဲ့ နည်းလမ်းတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ကျင့်သုံးပေးသင့်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.