ကိုယ်ဝန်ပျက်ကျခြင်းအကြောင်း သိကောင်းစရာများ
- 04 Oct, 2019
- အမျိုးသမီးကျန်းမာရေး
ကိုယ်ဝန်ပျက်ကျခြင်းကို ကိုယ်ဝန်ဆောင်မိခင် (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းအကြား ခံစားရလေ့ ရှိကြပြီး များသောအားဖြင့် ကိုယ်ဝန်ပျက်ကျခြင်းကို ကိုယ်ဝန်ဆောင် ရက်သတ္တပတ် (၂၀) ပတ်မတိုင်ခင်မှာ ဖြစ်ပွားလေ့ ရှိကြပါတယ်။ ဒီတော့ ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်။
ကိုယ်ဝန်ပျက်ကျခြင်းကို
ကိုယ်ဝန်ဆောင်မိခင် (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းအကြား ခံစားရလေ့ ရှိကြပြီး
များသောအားဖြင့် ကိုယ်ဝန်ပျက်ကျခြင်းကို ကိုယ်ဝန်ဆောင် ရက်သတ္တပတ် (၂၀) ပတ်မတိုင်ခင်မှာ
ဖြစ်ပွားလေ့ ရှိကြပါတယ်။ ဒီတော့ ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းတွေကို
လေ့လာကြည့်လိုက်ရအောင်။
- ခရိုမိုဆုန်း
ပြဿနာကြောင့် ကိုယ်ဝန်ပျက်ကျခြင်း (Chromosomal Problems)
ကိုယ်ဝန်ပျက်ကျမှုကို
ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ခရိုမိုဆုန်း (Chromosome) မူမမှန်မှု ပြဿနာကြောင့်ပဲ
ဖြစ်ပါတယ်။ ခရိုမိုဆုန်း (Chromosome) မူမမှန်မှုကြောင့် သန္ဓေသားလောင်း အနေနဲ့ ဖွံ့ဖြိုးနိုင်စွမ်း
မရှိတော့ပဲ ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။
- ဟော်မုန်း မျှတမှု
မရှိခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်း (Hormone Imbalance)
ကိုယ်ဝန်ပျက်ကျမှုတွေရဲ့
(၁၅) ရာခိုင်နှုန်းခန့်ကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ဟော်မုန်း မျှတမှု မရှိခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်မှာ ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်း
နည်းပါးခဲ့မယ်ဆိုရင် မျိုးအောင်ထားတဲ့ မျိုးဥလေး အနေနဲ့ သားအိမ်အတွင်းမှာ သန္ဓေတည်နိုင်ခြင်း
မရှိတော့ပဲ ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- သားအိမ် ပြဿနာများကြောင့်
ကိုယ်ဝန်ပျက်ကျခြင်း (Uterine Problems)
တကယ်လို့ ကိုယ်ဝန်ဆောင်
မိခင်ရဲ့ သားအိမ်ခေါင်း အားနည်းခဲ့မယ် ဒါမှမဟုတ် သားအိမ် ခွဲစိတ်ကုသမှုတွေ ပြုလုပ်ထားခဲ့မယ်ဆိုရင် သန္ဓေသားလောင်းကို သားအိမ်အတွင်းမှာ
ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပဲ ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
ကိုယ်ဝန်ပျက်ကျခြင်းကို
ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
- အာဟာရဓာတ် ချို့တဲ့ခြင်း
- အဖျားကြီးခြင်း
- ဆေးလိပ်သောက်ခြင်း
- အရက်သောက်ခြင်း
- သွိုင်းရွက်ရောဂါ
(Thyroid Disease) ခံစားနေရခြင်း
- ဆီးချိုရောဂါ
ခံစားနေရခြင်း
- အဝလွန်ခြင်း
- သွေးပေါင်တက်ခြင်း
- အစာအဆိပ်သင့်ခြင်း
- အသက်အရွယ် ကြီးမြင့်လာခြင်း
- ကိုယ်ဝန်ပျက်ကျဖူးခြင်း
ကိုယ်ဝန်ပျက်ကျခြင်းကို
ခံစားရတဲ့အခါမှာ -
- ဗိုက်အောင့်ခြင်း
- အားနည်းခြင်း
- ကျောနာခြင်း
- မူးဝေခြင်း
- အော့အန်ခြင်း
- မိန်းမကိုယ်မှ
အကျိအချွဲများထွက်ခြင်း
- မိန်းမကိုယ်မှ
သွေးဆင်းခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ပျက်ကျခြင်းကို
ကာကွယ်ချင်တယ် ဆိုရင်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ ဆေးလိပ်ဖြတ်ခြင်း၊ အရက်ဖြတ်ခြင်း၊ ကိုယ်အလေးချိန်ကို
ထိန်းညှိခြင်း၊ ကဖိန်းဓာတ် လွန်ကဲတဲ့ အစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်ခြင်း၊
အာဟာရဓာတ် ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်း၊ ဆရာဝန် လမ်းညွှန်ချက်နဲ့ အညီ ဗီတာမင်ဓာတ်
ဖြည့်စွက်ဆေးဝါးများ သောက်သုံးပေးခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
REF: HealthLine, Parents