တစ်ကိုယ်ရည် အာသာဖြေခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

  • 04 Oct, 2019
  • မျိုးဆက်ပွားကျန်းမာ‌ရေး

တစ်ကိုယ်ရည် အာသာဖြေခြင်းကို ကမ္ဘာပေါ်ရှိ အမျိုးသား ရာခိုင်နှုန်း (၉၅) ရာခိုင်နှုန်းခန့် လုပ်ဆောင်လျက်ရှိပြီး အမျိုးသမီး ရာခိုင်နှုန်း (၉၂) ရာခိုင်နှုန်းခန့် လုပ်ဆောင်လျက်ရှိပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းကို လူအများစုက ရှက်စရာတစ်ခုအဖြစ် ခံယူထားကြပါတယ်။ တကယ်တော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုတာ ရှက်စရာကောင်းတဲ့ လုပ်ငန်းဆောင်တာ တစ်ခု မဟုတ်ပါဘူး။

တစ်ကိုယ်ရည် အာသာဖြေခြင်းကို ကမ္ဘာပေါ်ရှိ အမျိုးသား ရာခိုင်နှုန်း (၉၅) ရာခိုင်နှုန်းခန့် လုပ်ဆောင်လျက်ရှိပြီး အမျိုးသမီး ရာခိုင်နှုန်း (၉၂) ရာခိုင်နှုန်းခန့် လုပ်ဆောင်လျက်ရှိပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းကို လူအများစုက ရှက်စရာတစ်ခုအဖြစ် ခံယူထားကြပါတယ်။ တကယ်တော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုတာ ရှက်စရာကောင်းတဲ့ လုပ်ငန်းဆောင်တာ တစ်ခု မဟုတ်ပါဘူး။

ဒါကြောင့် တစ်ကိုယ်ရည် အသာဖြေခြင်းရဲ့ ကောင်းကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • စိတ်ကိုပျော်ရွှင်စေခြင်း

တစ်ကိုယ်ရည် အာသာဖြေလို့ ပြီးခြောက်သွားတဲ့ အခါမှာ စိတ်ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတဲ့ Dopamine နဲ့ Serotonin လို့အမည်ရတဲ့ စိတ်ပျော်ရွှင်ဟော်မုန်းတွေ ဦးနှောက်ထဲမှာ ထွက်ပေါ်လာတာကြောင့် စိတ်ပျော်ရွှင်မှုကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

  • စိတ်ဖိစီးမှုကို လျော့ချပေးခြင်း

တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် ကာမအာရုံ ပြီးမြောက်သွားတဲ့ (Orgasm) အခါမှာ စိတ်ဖိစီးမှုတွေ ပြေပျောက်သွားတာကို လူတိုင်းခံစားဖူးကြမယ် ထင်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် ကြွက်သားတင်းမာမှုတွေလည်း လျော့ကျသွားမှာဖြစ်ပါတယ်။

  • နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း

တကယ်လို့ သင့်အနေနဲ့ ညအခါမှာ အိပ်ပျော်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် တစ်ကိုယ်ရည် အာသာဖြေကြည့်ဖို့အတွက် အကြံပေးချင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ညအခါမှာ တစ်ကိုယ်ရည် အာသာဖြေပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

  • ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

တစ်လကို (၂၁) ကြိမ်ခန့် တစ်ကိုယ်ရည် အာသာဖြေပေးခြင်းဖြင့် အမျိုးသားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကို (၂၀) ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်မှာ ဖြစ်တဲ့အပြင် ဆီးကျိတ်နဲ့ သက်ဆိုင်တဲ့ ရောဂါဝေဒနာတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ကိုယ်ဝန်ကြောင့် ခါးနာမှုကို သက်သာစေခြင်း

အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ ဟော်မုန်း အပြောင်းအလဲကြောင့် ချစ်တင်းနှောချင်စိတ်တွေ ဖြစ်ပွားလာလေ့ ရှိပါတယ်။ အဲဒီလို အခါမျိုးတွေမှာ လိင်စိတ်တင်းမာမှုတွေကို ပြေလျော့စေဖို့ အတွက် အကောင်းဆုံး နည်းလမ်းကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းပဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် ကိုယ်ဝန်ဆောင်နေစဉ်မှာ ခံစားရလေ့ရှိတဲ့ နောက်ကျော နာကျင်မှုကိုလည်း သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ကောင်းကျိုးတွေကို ခံစားရရှိနိုင်မှာ ဖြစ်သလို အလွန်အကျွံ အာသာဖြေခဲ့မယ် ဆိုရင်လည်း ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်တာကြောင့် တစ်ကိုယ်ရည် အာသာဖြေခြင်းရဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • အာသာဖြေချင်စိတ် လွန်ကဲခြင်း

တစ်ကိုယ်ရည် အာသာဖြေခြင်းကို အလွန်အကျွံ လုပ်ဆောင်ခဲ့မယ်ဆိုရင် အာသာဖြေခြင်း အပေါ် စွဲလမ်းစိတ်တွေ ဖြစ်ပေါ်လာမှာ သေချာပါတယ်။ အာသာဖြေချင်စိတ် လွန်ကဲခြင်းကြောင့် နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

  • ခါးနာခြင်း

တကယ်လို့ အလွန်အကျွံ အာသာဖြေခဲ့မယ်ဆိုရင် ခါးနာခြင်းဝေဒနာကို ခံစားရနိုင်ပြီး ဆီးအိမ်အောင့်ခြင်း၊ နာကျင်ခြင်း၊ မြီးညှောင့်ရိုး ကိုက်ခဲခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် မကြာခဏ အာသာဖြေခြင်းကြောင့် တစ်ခါတရံမှာ ဝှေးစေးအောင့်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

မကြာခဏ အာသာဖြေခြင်းကြောင့် အချို့လူတွေမှာ ဆီးမထိန်းနိုင်ခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် မောပန်းနွမ်းနယ်ခြင်း၊ အမျိုးသားတွေမှာ သုတ်ထုတ်လွှတ်မှု နည်းပါးခြင်း၊ အမျိုးသမီးအင်္ဂါတစ်ဝိုက် ခြောက်သွေ့ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

REF: MensHealthSpeakingTreeHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.