ခန္ဓာကိုယ်တွင်း ဗီတာမင် B12 လျော့နည်းခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ
- 02 Oct, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
ဗီတာမင် B12 အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ် အတွင်းမှာ သွေးနီဥတွေ ထုတ်လုပ်နိုင်ဖို့ အတွက် အဓိက အနေနဲ့ အထောက်အပံ့ပေးလျက် ရှိပါတယ်။ ဒါ့အပြင် အာရုံကြောစနစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ အတွက် ဗီတာမင် B12 အနေနဲ့ အထောက်အကူပေးလျက် ရှိပါတယ်။ ဗီတာမင် B12 ကို အသားငါးတွေ၊ ကြက်ဥတွေ၊ ဘဲဥတွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကနေ တစ်ဆင့် ရရှိနိုင်မှာ ဖြစ်သလို ပေါင်မုန့်တွေ၊ အချို့သော အပင်တွေကနေ တစ်ဆင့်လည်း ရရှိနိုင်ပါတယ်။ ဗီတာမင် B12 လုံလောက်မှု မရှိခြင်းကို များသောအားဖြင့် သက်ကြီးရွယ်အိုတွေမှာ ခံစားရလေ့ရှိပါတယ်။
ဗီတာမင် B12 အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ် အတွင်းမှာ သွေးနီဥတွေ ထုတ်လုပ်နိုင်ဖို့ အတွက် အဓိက အနေနဲ့ အထောက်အပံ့ပေးလျက် ရှိပါတယ်။ ဒါ့အပြင် အာရုံကြောစနစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ အတွက် ဗီတာမင် B12 အနေနဲ့ အထောက်အကူပေးလျက် ရှိပါတယ်။ ဗီတာမင် B12 ကို အသားငါးတွေ၊ ကြက်ဥတွေ၊ ဘဲဥတွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကနေ တစ်ဆင့် ရရှိနိုင်မှာ ဖြစ်သလို ပေါင်မုန့်တွေ၊ အချို့သော အပင်တွေကနေ တစ်ဆင့်လည်း ရရှိနိုင်ပါတယ်။ ဗီတာမင် B12 လုံလောက်မှု မရှိခြင်းကို များသောအားဖြင့် သက်ကြီးရွယ်အိုတွေမှာ ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် -
- ဆီးချိုရောဂါရှိသူတွေ
- သက်သက်လွတ်
စားသုံးသူတွေ
- အူမကြီးခွဲစိတ်ကုသမှု
ခံယူထားသူတွေ
- နှလုံးအောင့်ခြင်းကို
ခံစားနေရသူတွေမှာလည်း ဗီတာမင် B12 လုံလောက်မှု မရှိခြင်းကို မြင်တွေ့ရလေ့ ရှိပါတယ်။
တကယ်လို့ သင့်ခန္ဓာကိုယ်
အတွင်းမှာ ဗီတာမင် B12 လုံလောက်မှု မရှိဘူးဆိုရင် ဖော်ပြပါ ရောဂါဝေဒနာတွေကို ခံစားရမှာ
ဖြစ်ပါတယ်။
- အသားဝါခြင်း
ခန္ဓာကိုယ်တွင်း
ဗီတာမင် B12 လုံလောက်မှု မရှိတာကြောင့် ခန္ဓာကိုယ်တွင်း သွေးနီဥ
ထုတ်လုပ်မှု လျော့နည်းသွားပြီး အသားဝါခြင်း၊ မျက်လုံးဝါခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။
- မောပန်းနွမ်းနယ်ခြင်း
ဗီတာမင် B12 လုံလောက်မှု မရှိခြင်းကြောင့် ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် သယ်ယူပို့ဆောင်မှုကို
လုပ်ဆောင်ပေးမယ့် သွေးနီဥတွေ နည်းပါးသွားမှာဖြစ်ပြီး မောပန်းနွမ်းနယ်မှုကို ခံစားရမှာ
ဖြစ်ပါတယ်။
- လမ်းလျှောက်ရခက်ခဲခြင်း
ဗီတာမင် B12 လျော့နည်းခြင်းကြောင့် အာရုံကြော စွမ်းဆောင်ရည်တွေ နိမ့်ကျသွားမှာဖြစ်ပြီး
သွားလာရခက်ခဲခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အကြောအားနည်းခြင်းစတဲ့ ကျန်းမာရေးဆိုင်ရာ
ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- နှလုံးခုန်မြန်ခြင်း
ဗီတာမင်
B12 မလုံလောက်ရင် ခန္ဓာကိုယ်တွင်း သွေးနီဥ ပမာဏ နည်းပါးသွားပြီး နှလုံးခုန်နှုန်း
မြန်ဆန်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း သွေးနီဥ ပမာဏ နည်းပါးခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ကြောင့်
အသက်ရှူမဝခြင်း၊ မူးဝေခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။
- အမြင်အာရုံဝေဝါးခြင်း
ခန္ဓာကိုယ်တွင်း
ဗီတာမင် B12 မလုံလောက်တာကြောင့် အာရုံကြောစနစ်တွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိပဲ အမြင်အာရုံဝေဝါးခြင်း၊
အမြင်နှစ်ထပ်ဖြစ်ခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။
- အော့အန်ခြင်း၊
ဝမ်းပျက်ခြင်း
ဗီတာမင်
B12 လျော့နည်းခြင်းရဲ့ နောက်ထပ် ဆိုးကျိုုးတစ်ခုကတော့ အစာချေစနစ်ကို ထိခိုက်စေခြင်းပဲ
ဖြစ်ပါတယ်။ သွေးနီဥ နည်းပါးခြင်းကြောင့် အူလမ်းကြောင်းအနေနဲ့ အောက်ဆီဂျင်ကို လုံလောက်စွာ
ရရှိမှု မရှိတာကြောင့် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း
မရှိတော့ပဲ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းတို့ကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။
- စိတ်ကျဝေဒနာခံစားရခြင်း
ခန္ဓာကိုယ်တွင်း
ဗီတာမင် B12 လျော့နည်းခြင်းကြောင့် ကိုယ်ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် စိတ်ကျန်းမာရေးကိုလည်း
ထိခိုက်စေနိုင်ပါတယ်။ ဗီတာမင် B12 အနေနဲ့ စိတ်ကျဝေဒနာကို ဖြစ်ပွားစေတဲ့
Homocysteine ကိုလက်စထရောကို ချေဖျက်ပေးတာကြောင့် ခန္ဓာကိုယ်တွင်း ဗီတာမင် B12 လုံလောက်မှု
မရှိတဲ့ အခါမှာ စိတ်ကျဝေဒနာကို ခံစားရနိုင်ပါတယ်။
REF: MedicalNewsToday, HealthLine
