မျက်လုံးတိမ်စွဲခြင်းအကြောင်း သိကောင်းစရာများ
- 02 Oct, 2019
- အဖြစ်များသောရောဂါများ
မျက်လုံးမှာ တိမ်စွဲခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ မျက်လုံးအထဲမှာ တည်ရှိနေတဲ့ ပရိုတိန်းတွေ အစိုင်အခဲ ဖြစ်သွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ မျက်လုံးမှာ တိမ်စွဲတဲ့ အခါမှာ မြင်လွှာ (Retina) အနေနဲ့ ပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မှာ မဟုတ်တော့ပါဘူး။ မျက်လုံးမှာ စတင်တိမ်စွဲခြင်းကို ခံစားနေရချိန်မှာ အမြင်အာရုံကို ဝေဝါးစေမှာ မဟုတ်ပေမယ့် ကြာလာတာနဲ့အမျှ မျက်လုံး နှစ်ဖက်လုံး တိမ်ဖုံးသွားခြင်းကို ဖြစ်ပွားစေပြီး အမြင်အာရုံကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ မျက်လုံးတိမ်စွဲခြင်းကို များသောအားဖြင့် အသက်အရွယ် ကြီးရင့်သူတွေမှာ မြင်တွေ့ရလေ့ ရှိပါတယ်။

မျက်လုံးတိမ်စွဲခြင်းကို ခံစားနေရတဲ့ အခါမှာ :
- မျက်လုံးမှာ တိမ်ပုံစံ အစိုင်အခဲများ ပိတ်ဆို့နေခြင်း
- အမြင်အာရုံဝေဝါးခြင်း
- ညအခါမှာ မမြင်ရခြင်း
- အရောင်တွေကို
ကွဲပြားစွာ မြင်နိုင်စွမ်း မရှိခြင်း
- ပုံရိပ်နှစ်ထပ်များ
မြင်နေရခြင်း
- မျက်စိပါဝါတိုးလာခြင်းတို့ကို
ခံစားရနိုင်ပါတယ်။
မျက်လုံးတိမ်စွဲခြင်းကို
ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ခန္ဓာကိုယ်တွင်း
အောက်ဆီဂျင် မော်လီကျူးများ များပြားလာခြင်း
- ဆေးလိပ်သောက်ခြင်း
- ခရမ်းလွန်ရောင်ခြည်နဲ့
ထိတွေ့မိခြင်း
- ဟော်မုန်းဆေးများ
သောက်သုံးခြင်း
- ဆီးချိုရောဂါဖြစ်ပွားခြင်း
- ဓာတုဗေဒကုထုံး
ခံယူဖူးခြင်း
- အသက်အရွယ် ကြီးမြင့်ခြင်း
- အရက်သောက်ခြင်း
- အဝလွန်ခြင်း
- သွေးပေါင်ချိန်
မြင့်တက်ခြင်း
- မျက်လုံးမှာ
ဒဏ်ရာရဖူးခြင်း
- မျိုးရိုးလိုက်ခြင်း
မျက်လုံးမှာ
တိမ်စွဲခြင်းကို ခံစားနေရပြီဆိုရင် အထိရောက်ဆုံး ကုသနည်းကတော့ ခွဲစိတ်ကုသခြင်းပဲ ဖြစ်ပါတယ်။
ခွဲစိတ်ကုသမှုကို ခံယူပြီးရင်တော့ မျက်လုံးတိမ်စွဲမှုကို ခံစားနေရတဲ့ ဝေဒနာသည်တွေ အနေနဲ့
အမြင်အာရုံ ကြည်လင်လာတာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခွဲစိတ်ပြီး ရက်အနည်းငယ်
အတွင်းမှာတော့ အမြင်အာရုံ အရမ်းကြီး တိုးတက်လာတာကို မျှော်လင့်ထားလို့ ရနိုင်မှာ မဟုတ်ပါဘူး။
တကယ်လို့ မျက်လုံးတိမ်စွဲခြင်းကို
ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- အပြင်သွားရင်
နေကာမျက်မှန် တပ်သွားခြင်း
- မျက်စိစမ်းသပ်မှုကို
ပုံမှန်ခံယူပေးခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အရက်ဖြတ်ခြင်း
- အန်တီအောက်ဆီဒန့်
(Antioxidants) ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအနှံများကို စားသုံးပေးခြင်း
- ကိုယ်အလေးချိန်ကို
ထိန်းညှိခြင်း
REF: HealthLine, MedicalNewsToday