နာနတ်သီးကို စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 01 Oct, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

နာနတ်သီးကို စားသုံးရတာ တကယ်ကို အရသာ ကောင်းမွန်တဲ့အပြင် နာနတ်သီးမှာ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အန်တီအောက်ဆီဒန့်တွေ (Antioxidants) ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် နာနတ်သီးကို စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

နာနတ်သီးကို စားသုံးရတာ တကယ်ကို အရသာ ကောင်းမွန်တဲ့အပြင် နာနတ်သီးမှာ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အန်တီအောက်ဆီဒန့်တွေ (Antioxidants) ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် နာနတ်သီးကို စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးခြင်း

နာနတ်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ဆဲလ်ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်တဲ့ အန်တီအောက်ဆီဒန့်တွေလည်း နာနတ်သီးမှာ ပါဝင်ပါတယ်။

  • အရိုးအဆစ်များကို သန်မာစေခြင်း

နာနတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် C နဲ့မဂ္ဂနီဆီယမ်ဓာတ်တွေကြောင့် အရိုးအဆစ်တွေကို ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။ နာနတ်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အရိုးပွရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 

  • ဖျားနာမှုကို ကာကွယ်ပေးခြင်း

နာနတ်သီးကို စားသုံးခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးတွေကတော့ နှာစီးခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာနတ်သီးမှာ Bromelain ပါဝင်မှုကြောင့် ရာသီပေါ် ဖျားနာခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင် သွေးခဲခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • စိတ်ဖိစီးမှုကို လျော့ချပေးခြင်း

နာနတ်သီးမှာ ဗီတာမင် B ပါဝင်တာကြောင့် ဦးနှောက် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

  • မျက်စိကျန်းမာရေးကို ကောင်းမွန်စေခြင်း

နာနတ်သီးမှာ ဗီတာမင် C နဲ့ အန်တီအောက်ဆီဒန့်တွေ (Antioxidants) ကြွယ်ဝစွာ ပါဝင်တာကြောင့် အမြင်အာရုံဝေဝါးခြင်း၊ အတွင်းတိမ်ဖြစ်ခြင်း၊ အာရုံကြော အားနည်းခြင်းစတဲ့ ရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာနတ်သီးမှာ ဘီတာကာရိုတင်းဓာတ် (Beta Carotene) ကြွယ်ဝစွာ ပါဝင်တာကြောင့် အမြင်စွမ်းအားကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

  • ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

နာနတ်သီးမှာ ကင်ဆာရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ အန်တီအောက်ဆီဒန့်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် နာနတ်သီးကို ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဆဲလ်များ ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • သွေးပေါင်ချိန်မြင့်တက်မှုကို လျော့ချပေးခြင်း

နာနတ်သီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်က သွေးလည်ပတ်မှုကို ကောင်းမွန်အောင် မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို သွေးပေါင်ချိန် မြင့်တက်မှုကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

  • အစာချေစနစ်ကို ကောင်းမွန်စေခြင်း

နာနတ်သီးမှာ အမျှင်ဓာတ်၊ ဗီတာမင် C နဲ့ Bromelain ဓာတ်တို့ ပါဝင်တာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေမှာ ဖြစ်သလို အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ဝက်ခြံများကို သက်သာပျောက်ကင်းစေခြင်း

နာနတ်သီးမှာ အသားအရေကို ချောမွေ့စေတဲ့ အန်တီအောက်ဆီဒန့်၊ ဗီတာမင် C နဲ့ Bromelain ဓာတ်တို့ ပါဝင်တာကြောင့် အသားအရေကို နူးညံ့ချောမွေ့စေမှာ ဖြစ်တဲ့အပြင် ဝက်ခြံများကိုလည်း သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးခြင်း

နာနတ်သီးအရည်ကို ဦးရေဖျားအပေါ် လိမ်းကျံပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမှာ ဖြစ်သလို ဆံပင်များကိုလည်း နက်မှောင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။

  • ပန်းနာရင်ကျပ်ခြင်းကို ကာကွယ်ပေးခြင်း

နာနတ်သီးမှာ ပါဝင်တဲ့ ဘီတာကာရိုတင်းဓာတ် (Beta-Carotene) အနေနဲ့ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာနတ်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးသွားမှာပဲ ဖြစ်ပါတယ်။

REF: LifeHack

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.