ခံတွင်းအနံ့ဆိုးများ ထွက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 01 Oct, 2019
  • သွားနှင့်ခံတွင်း

ခံတွင်းကနေ အနံ့ဆိုးတွေထွက်ခြင်းကို ကမ္ဘာ့လူဦးရေ (၂၅) ရာခိုင်နှုန်းခန့် ခံစားနေရပါတယ်။ ခံတွင်းအနံ့ဆိုးများ ထွက်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ခံတွင်းသန့်ရှင်းမှုကို ဂရုစိုက်ခြင်း မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတော့ ခံတွင်းအနံ့ဆိုးများ ထွက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်။

ခံတွင်းကနေ အနံ့ဆိုးတွေထွက်ခြင်းကို ကမ္ဘာ့လူဦးရေ (၂၅) ရာခိုင်နှုန်းခန့် ခံစားနေရပါတယ်။ ခံတွင်းအနံ့ဆိုးများ ထွက်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ခံတွင်းသန့်ရှင်းမှုကို ဂရုစိုက်ခြင်း မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတော့ ခံတွင်းအနံ့ဆိုးများ ထွက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်။

  • ခံတွင်းသန့်ရှင်းမှုမရှိခြင်း

သွားပုံမှန်တိုက်ခြင်း မရှိခဲ့ရင် ဒါမှမဟုတ် ပါးစပ်ကို ပုံမှန်ဆေးကြောပေးခြင်း မရှိဘူးဆိုရင် စားကြွင်းစားကျန်တွေ ပါးစပ်အထဲမှာ ကျန်ရှိနေမှာဖြစ်ပြီး သွားနှင့်ခံတွင်း ကျန်းမာရေးကို ထိခိုင်စေနိုင်မှာ ဖြစ်တဲ့အပြင် ခံတွင်းအနံ့ဆိုးတွေကိုလည်း ထွက်စေမှာ ဖြစ်ပါတယ်။

  • အစားအစာများကြောင့် အနံ့ဆိုးထွက်ခြင်း

အချို့သော အစားအစာတွေဖြစ်တဲ့ ကြက်သွန်ဖြူတွေ၊ ကြက်သွန်နီတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ အစပ်တွေကို စားသုံးခြင်းကြောင့်လည်း ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ကော်ဖီသောက်ခြင်း

တကယ်လို့ သင့်အနေနဲ့ မနက်အိပ်ယာက နိုးထချိန်ထဲက စတင်ကာ ကော်ဖီကို သောက်သုံးခဲ့မယ်ဆိုရင် ကော်ဖီရဲ့ အနံ့အရသာ ပြင်းထန်မှုကြောင့် ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

  • အရက်သောက်ခြင်း

ခံတွင်းအနံ့ဆိုးကို ထွက်စေတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ အရက်သောက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်လို့ အရက်ကို အလွန်အကျွံ သောက်သုံးမယ်ဆိုရင် ပါးစပ်တွင်း သွားရည်ထုတ်လုပ်မှုတွေ ကျဆင်းသွားမှာဖြစ်ပြီး အနံ့ဆိုးတွေ ထွက်ပေါ်စေတဲ့ ဘက်တီးရီးယားတွေ ပါးစပ်တွင်းမှာ ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။

  • အချိုဓာတ်လွန်ကဲတဲ့ အစားအစာများ စားသုံးခြင်း

အစပ်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ စားသုံးသလိုပဲ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေ စားသုံးခြင်းကြောင့်လည်း ခံတွင်းအနံ့ဆိုးကို ထွက်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေ စားသုံးခြင်းကြောင့် သွားပိုးစားခြင်းကိုလည်း ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

  • ပရိုတိန်းဓာတ်လွန်ကဲတဲ့ အစားအစာများ စားသုံးခြင်း

ပရိုတိန်းဓာတ်ကို ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့ အတွက် လိုအပ်တာ မှန်ပေမယ့် ပရိုတိန်းဓာတ် လွန်ကဲတဲ့ အစားအစာတွေ စားသုံးမယ်ဆိုရင် ခံတွင်းအနံ့ဆိုးများ ထွက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ပရိုတိန်းဓာတ် လွန်ကဲတဲ့ အစားအစာတွေကို အစာချေစနစ် အနေနဲ့ အလွယ်တကူ ချေဖျက်နိုင်ခြင်း မရှိတာကြောင့် မကြာခဏ လေချဉ်တက်ပြီး ခံတွင်းအနံ့ဆိုးတွေ ထွက်လာမှာ ဖြစ်ပါတယ်။

  • ဆေးလိပ်သောက်ခြင်း

ဆေးရွက်ကြီး ပါဝင်တဲ့ ဆေးလိပ်တွေ၊ ဆေးတံတွေ သောက်သုံးခြင်း၊ ဆေးရွက်ကြီး ငုံခြင်းကြောင့် ခံတွင်းကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်တဲ့အပြင် ခံတွင်းအနံ့ဆိုးတွေကို ထွက်စေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ခံတွင်းခြောက်ခြင်း၊ ဖျားနာခြင်း၊ ဆီးချိုဖြစ်ခြင်း၊ အသည်းရောဂါဖြစ်ပွားခြင်း၊ ကျောက်ကပ်ရောဂါဖြစ်ပွားခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရခြင်း၊ ကင်ဆာရောဂါ ခံစားနေခြင်းတို့ကြောင့်လည်း ခံတွင်းအနံ့ဆိုးများ ထွက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

REF: Listerine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.