ပန်ကရိယကင်ဆာ (မုန့်ချိုအိတ်ကင်ဆာ) အကြောင်း သိကောင်းစရာများ

  • 01 Oct, 2019
  • ကင်ဆာရောဂါများ

ပန်ကရိယကင်ဆာကို များသောအားဖြင့် အစာအိမ်အောက် ပန်ကရိယတစ်သျှူးများ တည်ရှိရာ နေရာမှာ မြင်တွေ့ရလေ့ ရှိပါတယ်။ ပန်ကရိယ အနေနဲ့ အစာချေစနစ်မှာ အဓိက အစိတ်အပိုင်းတစ်ခု အဖြစ် တာဝန်ယူထားလျက် ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ Glucagon နဲ့ Insulin ဟော်မုန်းတို့ကို ထုတ်လွှတ်ပေးလျက် ရှိပါတယ်။

ပန်ကရိယကင်ဆာကို များသောအားဖြင့် အစာအိမ်အောက် ပန်ကရိယတစ်သျှူးများ တည်ရှိရာ နေရာမှာ မြင်တွေ့ရလေ့ ရှိပါတယ်။ ပန်ကရိယ အနေနဲ့ အစာချေစနစ်မှာ အဓိက အစိတ်အပိုင်းတစ်ခု အဖြစ် တာဝန်ယူထားလျက် ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ Glucagon နဲ့ Insulin ဟော်မုန်းတို့ကို ထုတ်လွှတ်ပေးလျက် ရှိပါတယ်။

ပန်ကရိယကင်ဆာ (မုန့်ချိုအိတ်ကင်ဆာ) စတင်ဖြစ်ပွားစဉ် ကာလမှာ ရောဂါလက္ခဏာတွေကို ပြသလေ့ မရှိပေမယ့် ရောဂါရင့်လာတဲ့ အခါမှသာ ရောဂါလက္ခဏာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပန်ကရိယကင်ဆာကို စတင် ခံစားရချိန်မှာ အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အစာစားချင်စိတ်မရှိခြင်း
  • ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ကျောနာခြင်း
  • ဗိုက်အောင့်ခြင်း
  • သွေးခဲခြင်း
  • အသားဝါခြင်း
  • မျက်လုံးဝါခြင်း
  • စိတ်ကျခြင်း

တကယ်လို့ ပန်ကရိယ အတွင်းမှာ ကင်ဆာဆဲလ်တွေ ပျံ့နှံ့နေပြီ ဆိုရင်တော့ အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • မကြာခဏ ရေဆာခြင်း
  • ဆီးအမည်းများသွားခြင်း
  • ကြွက်သားများနာကျင်ခြင်း
  • ဝမ်းအရောင်ပျော့များသွားခြင်း
  • သည်းခြေအိတ်ကြီးခြင်း
  • ခြေထောက်များ ယောင်ရမ်းခြင်း
  • ချွေးထွက်လွန်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • မူးဝေအော့အန်ခြင်း
  • ဝမ်းပျက်ခြင်း

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားရနေပြီ ဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ကုသသင့်ပါတယ်။

ပန်ကရိယကင်ဆာ (မုန့်ချိုအိတ်ကင်ဆာ) ဘာကြောင့် ဖြစ်ပွားရတယ် ဆိုတာကို လက်ရှိအချိန်ထိ တိတိကျကျ သိရှိကြခြင်း မရှိသေးပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ ပန်ကရိယမှာ မူမမှန်တဲ့ဆဲလ်တွေ များပြားလာပြီး အကျိတ်တည်ခြင်းကြောင့် ပန်ကရိယကင်ဆာ ဖြစ်ပွားလာရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ပန်ကရိယကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ :

  • ဆေးလိပ်အလွန်အကျွံ သောက်သုံးခြင်း
  • အဝလွန်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
  • အမျိုးသားဖြစ်ခြင်း
  • အဆီများတဲ့အစားအစာတွေ စားသုံးခြင်း
  • အရက်အလွန်အကျွံ သောက်သုံးခြင်း
  • ဆီးချိုရောဂါ ဖြစ်ပွားနေခြင်း
  • အသည်းရောဂါ ဖြစ်ပွားဖူးခြင်း
  • မျိုးရိုးလိုက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

ပန်ကရိယကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ ဆေးလိပ်ဖြတ်ခြင်း၊ အရက်ဖြတ်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေးခြင်း၊ အသီးအနှံများ စားသုံးပေးခြင်း၊ အနီရောင် အသားများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ခြင်းတို့ဖြင့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဖြည့်စွက်ဆေးများ စားသုံးပေးခြင်းဖြင့်လည်း ပန်ကရိယကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဗီတာမင် D ပါဝင်တဲ့ ဖြည့်စွက်စာတွေကို စားသုံးပေးခြင်းဖြင့် ပန်ကရိယကင်ဆာ အပါအဝင် အချို့သော ကင်ဆာရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဗီတာမင် B12၊ ဗီတာမင် B6 နဲ့ ဖိုလိတ် (Folate) အက်စစ် ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းဖြင့်လည်း ပန်ကရိယကင်ဆာ (မုန့်ချိုအိတ်ကင်ဆာ) ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.