ဝမ်းဗိုက်အတွင်းမှာ သံပြားကောင် တွယ်ငြိနေခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ
- 30 Sep, 2019
- အဖြစ်များသောရောဂါများ
ဝမ်းဗိုက်အတွင်းမှာ သံပြားကောင်တွေ တွယ်ငြိနေခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ အသားစိမ်း၊ ငါးစိမ်းတွေ စားသုံးခြင်း၊ ကျက်အောင်ချက်ထားခြင်း မရှိတဲ့ အသားငါးတွေ စားသုံးခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မသန့်ရှင်းတွေ ရေတွေကို သောက်သုံးခြင်းကြောင့်လည်း ဝမ်းဗိုက်အတွင်းမှာ သံပြားကောင်တွေ တွယ်ငြိနေနိုင်ပါတယ်။
ဝမ်းဗိုက်အတွင်းမှာ
သံပြားကောင်တွေ တွယ်ငြိနေခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ အသားစိမ်း၊
ငါးစိမ်းတွေ စားသုံးခြင်း၊ ကျက်အောင်ချက်ထားခြင်း မရှိတဲ့ အသားငါးတွေ စားသုံးခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ ဒါ့အပြင် မသန့်ရှင်းတွေ ရေတွေကို သောက်သုံးခြင်းကြောင့်လည်း ဝမ်းဗိုက်အတွင်းမှာ
သံပြားကောင်တွေ တွယ်ငြိနေနိုင်ပါတယ်။
ဝမ်းဗိုက်အတွင်းမှာ
သံပြားကောင် တွယ်ငြိခြင်းကို များသောအားဖြင့် အသားစိမ်း ငါးစိမ်းတွေ၊ မကျက်တကျက် အသားငါးတွေ
အလွန်အကျွံ စားသုံးလေ့ရှိတဲ့ ရုရှားနိုင်ငံ၊ အရှေ့ဥရောပ၊ အရှေ့အာဖရိက၊ လက်တင်အမေရိက၊
တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံတို့မှာ မြင်တွေ့ရလေ့ရှိပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်
ခုခံအားကျဆင်းနေသူတွေ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း အစားထိုးကုသမှု ခံယူထားသူတွေ၊ ဆီးချိုဝေဒနာသည်တွေ၊
ကင်ဆာရောဂါကုထုံး ခံယူထားသူတွေ အနေနဲ့လည်း ဝမ်းဗိုက်အတွင်းမှာ သံပြားကောင် တွယ်ငြိခြင်းကို
ခံစားရလေ့ ရှိပါတယ်။
ဝမ်းဗိုက်အတွင်းမှာ
သံပြားကောင် တွယ်ငြိနေခြင်းကြောင့် များသာအားဖြင့် အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ
ဖြစ်ပွားစေနိုင်ခြင်း မရှိပေမယ့် တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ဝမ်းဗိုက်အတွင်းမှာ သံပြားကောင် တွယ်ငြိနေခြင်းရဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ရတာပဲ
ဖြစ်ပါတယ်။
တကယ်လို့ ဝမ်းဗိုက်အတွင်းမှာ သံပြားကောင် တွယ်ငြိနေခြင်းကြောင့် :
- မောပန်းနွမ်းနယ်ခြင်း
- ဝမ်းသွားတဲ့အခါ
သန်များပါခြင်း
- ဗိုက်အောင့်ခြင်း
- အော့အန်ခြင်း
- မူးဝေခြင်း
- အားနည်းခြင်း
- အူရောင်ခြင်း
- ဝမ်းပျက်ခြင်း
- ကိုယ်အလေးချိန်
ကျဆင်းခြင်း
- အစာစားချင်စိတ်
မရှိခြင်း
- အိပ်မပျော်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ဝမ်းဗိုက်အတွင်း
သံပြားကောင် တွယ်ငြိနေခဲ့မယ်ဆိုရင် သံပြားကောင် အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ် အတွင်းမှ
အာဟာရဓာတ်တွေ၊ ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေကို စားသုံးပစ်လေ့ ရှိတာကြောင့် ခန္ဓာကိုယ်တွင်း
ဗီတာမင်ဓာတ် လျော့နည်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
ဝမ်ဗိုက်အတွင်း
သံပြားကောင် တွယ်ငြိခြင်းကြောင့် နောက်ထပ် ခံစားရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတစ်ချက်ကတော့
အသည်းရောဂါ ဖြစ်ပွားစေခြင်းပဲ ဖြစ်ပါတယ်။ အစာအိမ်အတွင်းမှ သံပြားကောင်တွေ အနေနဲ့ အစာအိမ်ကနေ
တစ်ဆင့် အသည်းအတွင်းကို ရောက်ရှိသွားတဲ့အခါမှာ အသည်းရေအိတ်တည်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့
ဝမ်းဗိုက်အတွင်းမှာ သန်ပြားကောင် တွယ်ငြိခံနေရပြီး အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေ
ခံစားနေရမယ် ဆိုရင်တော့ ဆရာဝန် ညွှန်ကြားချက် အတိုင်း သန်ချဆေး သောက်သုံးပေးပြီး အစာအိမ်အတွင်းမှ
သန်ကောင်တွေကို ရှင်းလင်းပစ်နိုင်မှာ ဖြစ်ပါတယ်။
REF: HealthLine, MedicalNewsToday