ကော်ဖီသောက်ပြီးတိုင်း ဘာလို့မောပန်းနွမ်းနယ်နေရတာလဲ
- 30 Sep, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
လူသား အများစု အနေနဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာ လုပ်ဆောင်နိုင်ဖို့ အတွက် မနက် အိပ်ယာကနေ နိုးထလာတာနဲ့ ကော်ဖီတစ်ခွက်ခန့် ပုံမှန် သောက်သုံးပေးလေ့ရှိကြပါတယ်။ ကော်ဖီ သောက်သုံးခြင်းကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးတက်စေမှာ ဖြစ်ပါတယ်။
လူသား အများစု
အနေနဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာ လုပ်ဆောင်နိုင်ဖို့ အတွက် မနက် အိပ်ယာကနေ
နိုးထလာတာနဲ့ ကော်ဖီတစ်ခွက်ခန့် ပုံမှန် သောက်သုံးပေးလေ့ရှိကြပါတယ်။ ကော်ဖီ သောက်သုံးခြင်းကြောင့်
ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို အာရုံစူးစိုက်နိုင်စွမ်းကိုလည်း
တိုးတက်စေမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း
အချို့သော လူပုဂ္ဂိုလ်တွေ အနေနဲ့ ကော်ဖီသောက်သုံးပြီးတဲ့ အချိန်တိုင်းမှာ မောပန်းနွမ်းနယ်မှုကို
ခံစားရလေ့ ရှိပါတယ်။ ဒီတော့ ကော်ဖီ သောက်သုံးခြင်းနဲ့ မောပန်းနွမ်းနယ်မှုအကြား ဆက်နွယ်မှုကို
တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။
ကော်ဖီမှာ ပါဝင်တဲ့
ကဖိန်းဓာတ်ကြောင့် အချို့သော လူပုဂ္ဂိုလ်တွေမှာ မောပန်းနွမ်းနယ်မှုကို ခံစားရစေနိုင်ပါတယ်။
ကဖိန်းဓာတ်အနေနဲ့ ဦးနှောက် အတွင်းကို Adenosine ဓာတ်ပို့ဆောင်မှုကို ပိတ်ဆို့စေနိုင်တာကြောင့်
မောပန်းနွမ်းနယ်မှုကို ဖြစ်ပွားစေနိုင်ပါတယ်။ Adenosine ဓာတ်ကို ဦးနှောက်အတွင်း ပို့ဆောင်ပေးခြင်းဖြင့်
အိပ်ချိန်မှန်စေခြင်း၊ စိတ်ဖိဆီးမှုတွေကို ကျဆင်းစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
ကော်ဖီနဲ့ ဓာတ်မတည့်ခြင်းကြောင့်လည်း
မောပန်းနွမ်းနယ်မှုကို ခံစားရစေနိုင်ပါတယ်။ ကော်ဖီနဲ့ ဓာတ်မတည့်ခြင်းကြောင့် နှလုံးခုန်မြန်ခြင်း၊
စိုးရိမ်စိတ် လွန်ကဲခြင်း၊ အိပ်ရေးပျက်ခြင်းစတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
အချို့သော လူပုဂ္ဂိုလ်တွေ
အနေနဲ့ ကော်ဖီကို အလွန်အကျွံ သောက်သုံးတဲ့အခါမှာ သွေးတွင်း သကြားဓာတ် ပမာဏ မြင့်တက်လာမှာဖြစ်ပြီး
ဆီးချိုအမျိုးအစား (၂) ကိုဖြစ်ပွားစေခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မကြာခဏ ရေငတ်ခြင်း၊
မကြာခဏ ဆီးသွားခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။
ကော်ဖီမှာ ပါဝင်တဲ့
ကဖိန်းဓာတ်က အချို့သော လူပုဂ္ဂိုလ်တွေရဲ့ စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ကဖိန်းဓာတ် ပါဝင်တဲ့ အစားအသောက်တွေကို အလွန်အကျွံ စားသုံးခြင်းကြောင့် စိတ်ကျဝေဒနာခံစားရခြင်း၊
စိတ်ဂယောင်ချောက်ခြားဖြစ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ စိတ်ကျန်းမာရေး မကောင်းတဲ့
အခါမှာလည်း မောပန်းနွမ်းနယ်မှုကို ခံစားရနိုင်ပါတယ်။
ကော်ဖီသောက်သုံးခြင်းကြောင့်
မောပန်းနွမ်းနယ်မှုကို ဖြစ်ပွားစေတဲ့အပြင် အိပ်ချိန်မတိုင်ခင် သောက်သုံးမယ် ဆိုရင်လည်း
အိပ်ရေးပျက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကျွန်တော်တို့ လူသားတွေ
အနေနဲ့ အိပ်ချိန်မတိုင်ခင် (၆) နာရီခန့် အလိုမှာ စတင်ပြီး ကော်ဖီသောက်သုံးမှုကို ရပ်တန့်ပစ်ခြင်းဖြင့်
နှစ်ခြိုက်စွာ အိပ်ပျော်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကဖိန်းဓာတ်
ပါဝင်တဲ့ အစားအသောက်တွေကို အလွန်အကျွံ စားသောက်မယ်ဆိုရင် မောပန်းနွမ်းနယ်မှုကို ခံစားရမှာ
ဖြစ်တဲ့အပြင် :
- နှလုံးသွေးကြောဆိုင်ရာ
ရောဂါများ ခံစားရခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားများ
ထိခိုက်ပျက်ဆီးခြင်း
- သွေးပေါင်တက်ခြင်း
- နှလုံးခုန်မြန်ခြင်း
- မကြာခဏဆီးသွားခြင်းစတဲ့
ရောဂါဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
REF: MedicalNewsToday
