အရက်နာကျခြင်းကို သက်သာစေမယ့် အစားအစာများ
- 27 Sep, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
ညအခါတွေမှာ အရက်ကို အလွန်အကျွံ သောက်သုံးခြင်းကြောင့် နောက်တစ်နေ့ နိုးထလာတဲ့ အချိန်မှာ အရက်နာကျခြင်းကို ခံစားရလေ့ ရှိပါတယ်။ အရက်နာကျတဲ့အခါမှာ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ စိတ်မကြည်လင်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အရက်နာကျခြင်းကို သက်သာစေမယ့် အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
ညအခါတွေမှာ
အရက်ကို အလွန်အကျွံ သောက်သုံးခြင်းကြောင့် နောက်တစ်နေ့ နိုးထလာတဲ့ အချိန်မှာ အရက်နာကျခြင်းကို
ခံစားရလေ့ ရှိပါတယ်။ အရက်နာကျတဲ့အခါမှာ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ စိတ်မကြည်လင်ခြင်း၊
ရေဓာတ်ခမ်းခြောက်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့်
အရက်နာကျခြင်းကို သက်သာစေမယ့် အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- ငှက်ပျောသီး
အရက်ကို အလွန်အကျွံ သောက်သုံးတဲ့အခါမှာ ကျွန်တော်တို့ ခန္ဓာကိုယ် အတွင်းမှာ ရေဓာတ်ကို ထိန်းပေးထားမယ့် ဟော်မုန်း ထွက်ရှိမှု နည်းပါးသွားတာကြောင့် ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် အရက်ကို အလွန်အကျွံ သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ် အတွင်းမှ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်ဓာတ်ကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ပေါင်းများစွာ ပါဝင်တာကြောင့် အရက်နာကျပြီး နိုးထလာတဲ့ မနက်ခင်းတွေမှာ စားသုံးပေးသင့်ပါတယ်။
- ကြက်ဥ
အရက်ကို အလွန်အကျွံသောက်ခြင်းကြောင့်
ခန္ဓာကိုယ် အတွင်းမှ Glutathione ဓာတ်တွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ Glutathione
ဓာတ်လျော့နည်းခြင်းကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ် အနေနဲ့ အရက်မှာ ပါဝင်တဲ့ အဆိပ်အတောက်တွေကို
ချေဖျက်နိုင်တော့မှာ မဟုတ်ပါဘူး။ ကြက်ဥကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့
Glutathione ဓာတ်ကို ပြန်လည် ရရှိစေမှာ ဖြစ်တာကြောင့် အရက်နာကျနေတဲ့ အခါမျိုးတွေမှာ
စားသုံးပေးသင့်ပါတယ်။
- ဖရဲသီး
အရက်နာကျပြီး
နိုးထလာတဲ့ မနက်ခင်းတွေမှာ ရေဓာတ်ခမ်းခြောက်မှုကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားရလေ့
ရှိပါတယ်။ ဖရဲသီးမှာ ရေဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို
ကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် အရက်နာကျတဲ့ အခါတွေမှာ စားသုံးပေးသင့်ပါတယ်။
- အစေ့အဆံများ
အရက်ကို အလွန်အကျွံ
သောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်အတွင်းမှ မဂ္ဂနီဆီယမ်ဓာတ်တွေ လျော့နည်းသွားမှာ ဖြစ်တာကြောင့်
အရက်နာကျခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့
အစေ့အဆံတွေကို အရက်နာကျတဲ့ အခါတွေမှာ စားသုံးပေးသင့်ပါတယ်။
- ထောပတ်သီး
အရက်နာကျပြီး
နိုးထလာတဲ့ မနက်ခင်းတွေမှာ ထောပတ်သီးကို စားသုံးပေးခြင်းဖြင့် အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့်
ကျဆင်းသွားတဲ့ ပိုတက်ဆီယမ်ဓာတ်ကို ပြန်လည် ဖြည့်တင်းနိုင်မှာဖြစ်ပြီး ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ အသည်းရောဂါကို ဖြစ်ပွားမှုကို
ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။
- ကြက်ပြုတ်ရည်
ကြက်ပြုတ်ရည်ကို
ကျွန်တော်တို့တွေ အနေနဲ့ ဖျားနာတဲ့အခါမှာ၊ တုတ်ကွေးဝေဒနာ ခံစားရတဲ့အခါမှာ စားသောက်လေ့
ရှိကြပါတယ်။ ဒါပေမယ့် ကြက်ပြုတ်ရည်မှာ ဆိုဒီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ခန္ဓာကိုယ်
အတွင်းမှ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်တာကြောင့် အရက်နာကျတဲ့
အခါမှာ စားသုံးပေးသင့်ပါတယ်။
- ချင်း (ဂျင်း)ပြုတ်ရည်
ချင်းပြုတ်ရည်ကို
သောက်သုံးပေးခြင်းဖြင့် အရက်နာကျခြင်းကြောင့် မူးဝေခြင်း ဝေဒနာ ခံစားရမှုကို သက်သာ
ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရက်နာကျခြင်းကြောင့် ဖြစ်ပွားလေ့ရှိတဲ့ အစာအိမ်
ဝေဒနာတွေကိုလည်း သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
REF: HealthLine