ခေါင်းကိုက်ရခြင်းရဲ့ အကြောင်းအရင်းများ

  • 27 Sep, 2019
  • အဖြစ်များသောရောဂါများ

ခေါင်းကိုက်ခြင်း ဝေဒနာကို ကမ္ဘာ့လူဦးရေ (၇၀) ရာခိုင်နှုန်းခန့် မကြာခဏ ဆိုသလို ခံစားရလေ့ ရှိကြပါတယ်။ တစ်ခါတရံမှာ အပျော့စား ခေါင်းကိုက်ခြင်းကို ခံစားရလေ့ ရှိပေမယ့် များသောအားဖြင့်တော့ အာရုံစူးစိုက်နိုင်ခြင်း မရှိလောက်အောင် အပြင်းစား ခေါင်းကိုက်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ ဒီတော့ ခေါင်းကိုက်ဝေဒနာ ခံစားရခြင်းရဲ့ အကြောင်းအရင်းတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။

ခေါင်းကိုက်ခြင်း ဝေဒနာကို ကမ္ဘာ့လူဦးရေ (၇၀) ရာခိုင်နှုန်းခန့် မကြာခဏ ဆိုသလို ခံစားရလေ့ ရှိကြပါတယ်။ တစ်ခါတရံမှာ အပျော့စား ခေါင်းကိုက်ခြင်းကို ခံစားရလေ့ ရှိပေမယ့် များသောအားဖြင့်တော့ အာရုံစူးစိုက်နိုင်ခြင်း မရှိလောက်အောင် အပြင်းစား ခေါင်းကိုက်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ ဒီတော့ ခေါင်းကိုက်ဝေဒနာ ခံစားရခြင်းရဲ့ အကြောင်းအရင်းတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။

ခေါင်းကိုက်ခြင်းကို ကျွန်တော်တို့တွေ ဖျားနာတဲ့အခါမှာ အဓိက ခံစားရလေ့ ရှိပါတယ်။ သွေးကြောတွေ၊ အာရုံကြောတွေ ကောင်းမွန်စွာ အလုပ်မလုပ်တဲ့ အခါမှာလည်း ခေါင်းကိုက်ခြင်းကို ခံစားရလေ့ရှိပြီး ဦးခေါင်းအနီးတစ်ဝိုက် ကြွက်သားတွေ တင်းမာခြင်းကြောင့်လည်း ခေါင်းကိုက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် အရက်နာကျခြင်းကြောင့်လည်း ခေါင်းကိုက်ခြင်းကို ဖြစ်ပွားစေနိုင်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ် ခမ်းခြောက်ခြင်းကြောင့်လည်း ခေါင်းကိုက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းကို ဖြစ်ပွားစေတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ ကျန်းမာရေး ချို့ယွင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အာရုံကြောဆိုင်ရာ ရောဂါများ ခံစားနေရခြင်း
  • သွေးခဲခြင်း
  • ဦးနှောက်မှာ အကြိတ်ဖြစ်ခြင်း
  • ပြင်းထန်စွာ ဒဏ်ရာရခြင်း
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • သွေးပေါင်တက်ခြင်း
  • မျက်စိရေတိမ်ရောဂါ ဖြစ်ပွားခြင်း
  • ကာဘွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း
  • ဦးနှောက်ရောင်ရောဂါ ခံစားနေရခြင်း
  • အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သောက်သုံးခြင်း

တကယ်လို့ ခေါင်းကိုက်ဝေဒနာ ခံစားရခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။

  • ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေးခြင်း
  • ကော်ဖီအလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဉ်ခြင်း
  • အရက်ဖြတ်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အစားပုံမှန်စားခြင်း

တကယ်လို့ သင့်အနေနဲ့ ခေါင်းကိုက်ဝေဒနာကို မကြာခဏဆိုသလို ခံစားနေရပြီး ခေါင်းကိုက်ခြင်းကြောင့် အောက်ဖော်ပြပါ ရောဂါဝေဒနာတွေကိုပါ ခံစားနေရမယ် ဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသသင့်ပါတယ်။

  • သတိလစ်ခြင်း
  • မူးဝေခြင်း
  • အဖျားကြီးခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • လမ်းလျှောက်ဖို့ ခက်ခဲခြင်း
  • အော့အန်ခြင်း
  • လည်ပင်းနာခြင်း
REF: MayoClinicHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.