သက်သတ်လွတ် စားသုံးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 27 Sep, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

သက်သတ်လွတ် စားခြင်းကြောင့် ကိုယ်အလေးချိန် မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်မှန်း လူအများစု အနေနဲ့ သိရှိကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သက်သတ်လွတ် စားခြင်းကြောင့် ကိုယ်အလေးချိန် မြင့်တက်ခြင်းကို ဟန့်တားပေးနိုင်မှာ ဖြစ်တဲ့အပြင် အခြားသော အကျိုးကျေးဇူးပေါင်း များစွာကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်သတ်လွတ် စားသုံးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို Caremebot ပရိသတ်ကြီး လေ့လာနိုင်ဖို့ အတွက် အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

သက်သတ်လွတ် စားခြင်းကြောင့် ကိုယ်အလေးချိန် မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်မှန်း လူအများစု အနေနဲ့ သိရှိကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သက်သတ်လွတ် စားခြင်းကြောင့် ကိုယ်အလေးချိန် မြင့်တက်ခြင်းကို ဟန့်တားပေးနိုင်မှာ ဖြစ်တဲ့အပြင် အခြားသော အကျိုးကျေးဇူးပေါင်း များစွာကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်သတ်လွတ် စားသုံးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို Caremebot ပရိသတ်ကြီး လေ့လာနိုင်ဖို့ အတွက် အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေခြင်း

တကယ်လို့ သင့်အနေနဲ့ အသားငါးတွေကို စားသုံးခြင်းကို ရှောင်ကြဉ်ပြီး သက်သတ်လွတ် စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေမယ့် အာဟာရဓာတ်ပေါင်း များစွာကို အသီးအနှံတွေကနေ တစ်ဆင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ အသီးအနှံတွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်တွေ၊ ဗီတာမင်တွေ၊ အန်တီအောက်ဆီဒန့်တွေ၊ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် သက်သတ်လွတ် စားသုံးပေးခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

  • ကိုယ်အလေးချိန် မြင့်တက်မှုကို ကာကွယ်ပေးခြင်း

အသီးအနှံတွေမှာ ကိုယ်အလေးချိန်ကို မြင့်တက်စေတဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့် သက်သတ်လွတ် စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန် မြင့်တက်မှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်သတ်လွတ် စားသုံးခြင်းဖြင့် သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း ထိန်းညှိနိုင်မှာ ဖြစ်ပါတယ်။

  • သွေးတွင်းသကြားဓာတ်ကို လျော့ချပေးခြင်း

သက်သတ်လွတ် စားသုံးခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ ဆီးချိုအမျိုးအစား (၂) ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သက်သတ်လွတ် စားသုံးခြင်းကြောင့် သွေးတွင်း သကြားဓာတ် မြင့်တက်မှုကို လျော့ချပေးနိုင်မှာ ဖြစ်တာကြောင့် ဆီးချိုရောဂါ၊ အာရုံကြောရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါစတဲ့ ရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့လေ့လာတွေ့ရှိချက်များအရ ကင်ဆာရောဂါ သုံးပုံတစ်ပုံခန့်ကို အနီရောင် အသားတွေ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ရှားပြီး အသီးအနှံတွေ စားသုံးပေးခြင်းဖြင့် ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် သက်သတ်လွတ် စားသုံးခြင်းဖြင့် ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ ရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

  • နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

အသီးအနှံတွေ၊ အသီးအရွက်တွေမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သက်သတ်လွတ် စားသုံးခြင်းဖြင့် သွေးပေါင်ချိန် မြင့်တက်မှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

  • အကြောရောင်ခြင်းကို ကာကွယ်ပေးခြင်း

လေ့လာတွေ့ရှိချက်တွေအရ အသီးအနှံတွေ၊ အသီးအရွက်တွေ ပုံမှန်စားသုံးပေးခြင်းဖြင့် အကြောရောင် ဝေဒနာကို သက်သာပျောက်ကင်းစေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသီးအနှံတွေ၊ အသီးအရွက်တွေမှာ အကျိုးပြု အဏုဇီဝတွေ ပါဝင်တာကြောင့် ခန္ဓာကိုယ် ကျန်းမာရေးအတွက် များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။

REF:  HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.