အူအတက်ရောင် ရောဂါအကြောင်း သိကောင်းစရာများ

  • 27 Sep, 2019
  • အဖြစ်များသောရောဂါများ

အူအတက်ရောင် ရောဂါကို လူအများစုကတော့ အူအတက်ပေါက်ခြင်းလို့ ခေါ်ဝေါ်လေ့ ရှိကြပါတယ်။ အစချေဖို့ခက်ခဲ့တဲ့ အစားအစာတွေ စားသုံးခြင်း၊ အူအတက်ကို ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းတို့ကြောင့် အူအတက်မှာ ပြည်တည်ပြီး အူအတက်ရောင်ခြင်းကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။

အူအတက်ရောင် ရောဂါကို လူအများစုကတော့ အူအတက်ပေါက်ခြင်းလို့ ခေါ်ဝေါ်လေ့ ရှိကြပါတယ်။ အစာချေဖို့ခက်ခဲတဲ့ အစားအစာတွေ စားသုံးခြင်း၊ အူအတက်ကို ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းတို့ကြောင့် အူအတက်မှာ ပြည်တည်ပြီး အူအတက်ရောင်ခြင်းကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။

အူအတက်ရဲ့ အဓိက လုပ်ငန်းဆောင်တာကို လက်ရှိအချိန်ထိ တိတိကျကျ သိရှိကြခြင်း မရှိသေးပေမယ့် အူအတက် အတွင်းမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုစေတဲ့ ဘက်တီးရီးယားတွေမှာ သိုလှောင်ထားတယ်လို့ သိရပါတယ်။

တကယ်လို့ အူအတက်ရောင် ရောဂါကို ခံစားနေရမယ်ဆိုရင် အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ဗိုက်အောင့်ခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • အစာမကျေခြင်း
  • မူးဝေခြင်း
  • အော့အန်ခြင်း
  • ဝမ်းပျက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဖျားနာခြင်း

အူအတက်ရောင် ရောဂါကို စတင်ခံစားရချိန်မှာ ဝမ်းဗိုက်တစ်ဝိုက် အနည်းငယ်နာကျင်မှုကိုသာ ခံစားရမှာ ဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ နာကျင်မှုတွေ ပိုမိုတိုးပွားလာမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဝမ်းဗိုက်တစ်ဝိုက် အမြဲတမ်း နီးပါးနာကျင်နေပြီး အထက်မှာ ဖော်ပြထားတဲ့ အခြားသော ရောဂါဝေဒနာတွေကိုပါ ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

အူအတက်ရောင်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အူအတက်အတွင်း ဝမ်းအမာများ ပိတ်သွားခြင်း
  • အူအတက်ကို ရောဂါပိုး ကူးစက်ခြင်း
  • အဆီဓာတ်များတဲ့ အစားအစာများ စားသုံးခြင်း
  • ကဆီဓာတ်နည်းတဲ့ အစားအစာများ စားသုံးခြင်း
  • အစာချေဖို့ ခက်ခဲတဲ့ အစားအစာများ စားသုံးခြင်း
  • အသက်အရွယ် ကြီးမြင့်ခြင်း
  • အမျိုးသားဖြစ်ခြင်း
  • မျိုးရိုးလိုက်ခြင်း

အူအတက်ရောင်ရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အမျှင်ဓာတ် ပါဝင်မှု များပြားတဲ့ အစားအစာတွေကို စားသုံးခြင်းဖြင့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အမျှင်ဓာတ်ကို အသီးအနှံတွေ၊ အသီးအရွက်တွေ၊ ပဲတွေ၊ ဆန်လုံးညိုတွေ၊ ဂျုံကြမ်းတွေကနေ တစ်ဆင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.