ရေဓာတ်ခမ်းခြောက်မှုကို ပြန်လည် ဖြည့်တင်းပေးနိုင်မယ့် အစားအစာများ
- 26 Sep, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေစေဖို့အတွက် ရေဓာတ်ကို လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ် အတွင်းမှာ ရေဓာတ်ခမ်းခြောက်နေခဲ့မယ်ဆိုရင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ ဖျားနာခြင်း၊ သတိမေ့ခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ခမ်းခြောက်မှုကို ပြန်လည် ဖြည့်တင်းပေးနိုင်မယ့် အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့
ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေစေဖို့အတွက် ရေဓာတ်ကို လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။
တကယ်လို့ ခန္ဓာကိုယ် အတွင်းမှာ ရေဓာတ်ခမ်းခြောက်နေခဲ့မယ်ဆိုရင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊
အားနည်းခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ ဖျားနာခြင်း၊ သတိမေ့ခြင်းစတဲ့
ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ခမ်းခြောက်မှုကို ပြန်လည် ဖြည့်တင်းပေးနိုင်မယ့်
အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- သခွားသီး
သခွားသီးမှာ
ပိုတက်ဆီယမ်၊ ဖော့စ်ဖရက်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်တဲ့အပြင် ကယ်ဆီယမ်ဓာတ်လည်း အနည်းငယ်
ပါဝင်ပါတယ်။ ဒါ့အပြင် သခွားသီးမှာ ရေဓာတ် (၉၆) ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း
ရေဓာတ်ခမ်းခြောက်မှုကို ပြန်လည် ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။
- ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်မှာ
ကာဘိုဟိုက်ဒရိတ်နဲ့ သကြားပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် K၊ ပိုတက်ဆီယမ်နဲ့
ဇင့်ဓာတ်တို့ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာရေးအတွက်
များစွာသော အထောက်အကူကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂေါ်ဖီထုပ်မှာ ရေဓာတ် (၉၅)
ရာခိုင်နှုန်း ပါဝင်တာကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ
ရေဓာတ် (၉၄) ရာခိုင်နှုန်းခန့် ပါဝင်ပြီး အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ ဖိုလိတ်အက်စစ်နဲ့
ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ပါဝင်တာကြောင့်
နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ဆဲလ်များ ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- ဖရဲသီး
ဖရဲသီး ဆိုတာကတော့
နွေရာသီမှာ ရေဓာတ် ပြန်လည်ဖြည့်တင်းဖို့အတွက် လူအများစု စားသုံးလေ့ရှိတဲ့ အသီးအနှံတစ်မျိုးပဲ
ဖြစ်ပါတယ်။ ဖရဲသီးမှာ ရေဓာတ် (၉၁) ရာခိုင်နှုန်း ပါဝင်ပြီး ဗီတာမင် B၊ ပိုတက်ဆီယမ်၊
ဇင့်ဓာတ်နဲ့ အခြားသော သတ္တုဓာတ်များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းစေဖို့
များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။
- ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်မှာ
မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် K၊ အမျှင်ဓာတ်နဲ့
ဖိုလိတ်အက်စစ်တို့ ပါဝင်တဲ့အပြင် ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့် ခန္ဓာကိုယ် အလေးချိန်ကို
ထိန်းညှိပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်မှာ ရေဓာတ် (၉၁) ရာခိုင်နှုန်းခန့်
ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- စတော်ဘယ်ရီ
စတော်ဘယ်ရီသီးမှာ
ရေဓာတ် (၉၀) ရာခိုင်နှုန်းခန့် ပါဝင်ပြီး ဗီတာမင် C၊ အမျှင်ဓာတ်နဲ့ အန်တီအောက်ဆီဒန့်တွေ
ကြွယ်ဝစွာ ပါဝင်တာကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင် နှလုံးကျန်းမာရေးကို
ကောင်းမွန်စေပြီး ကင်ဆာရောဂါတွေ ဖြစ်ပွားမှုကို ဟန့်တားပေးနိုင်မှာ ဖြစ်ပါတယ်။
- မုန်လာဥနီ
မုန်လာဥနီမှာ
ဗီတာမင် A၊ ဗီတာမင် K၊ ဖိုလိတ်အက်စစ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တဲ့အပြင်
ရေဓာတ် (၈၈) ရာခိုင်နှုန့်ခန်း ပါဝင်ပါတယ်။ မုန်လာနီကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းကြောင့်
ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါ
ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊ ဆီးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊ အမြင်အာရုံကို
တိုးတက် ကောင်းမွန်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
- လိမ္မော်သီး
လိမ္မော်သီးမှာ
ဗီတာမင် C၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန်
စားသုံးခြင်းဖြင့် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ
ဖြစ်တဲ့အပြင် အသားအရေကိုလည်း လှပစိုပြေစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ ရေဓာတ်
(၈၆) ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရေဓာတ်ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်မှာ
ဖြစ်ပါတယ်။
REF: MedicalNewsToday