အစာမကြေခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 26 Sep, 2019
- အဖြစ်များသောရောဂါများ
အစာမကြေ ဝေဒနာကို လူတိုင်းနီးပါး ခံစားဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ အစာမကြေခြင်းဆိုတာ ရောဂါတစ်မျိုးတော့ မဟုတ်ပါဘူး။ အစားမှားတဲ့အခါမှာ ဒါမှမဟုတ် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာ တစ်ခုခု ရှိနေတဲ့ အခါတွေမှာ အစာမကြေခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီတော့ အစာမကြေခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်။
အစာမကြေ ဝေဒနာကို လူတိုင်းနီးပါး ခံစားဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ အစာမကြေခြင်းဆိုတာ ရောဂါတစ်မျိုးတော့ မဟုတ်ပါဘူး။ အစားမှားတဲ့အခါမှာ ဒါမှမဟုတ် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာ တစ်ခုခု ရှိနေတဲ့ အခါတွေမှာ အစာမကြေခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီတော့ အစာမကြေခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်။
အစာမကြေ ဝေဒနာကို
ခံစားရတဲ့ အခါမှာ :
- မအီမသာဖြစ်ခြင်း
- အော့အန်ခြင်း
- လေပွခြင်း
- ဗိုက်အောင့်ခြင်း
- မူးဝေခြင်း
- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- မကြာခဏ လေလည်ခြင်း
- လေချဉ်တက်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့
အမြဲတမ်းနီးပါး အစာမကြေ ဖြစ်နေတဲ့အပြင် :
- မကြာခဏ အော့အန်ခြင်း
- သွေးအန်ခြင်း
- ရုတ်တရက် ကိုယ်အလေးချိန်
ကျဆင်းခြင်း
- အစာမျိုရခက်ခဲခြင်း
- ဝမ်းအမဲများသွားခြင်းစတဲ့
ရောဂါဝေဒနာတွေကို ခံစားနေရတယ် ဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသင့်ပါတယ်။
အစာမကြေခြင်း ဝေဒနာကို လူကြီး၊ လူငယ် ကျား၊မ မရွေး
ခံစားရနိုင်ပါတယ်။ အစာမကြေခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- အစာအိမ်မှာပြည်တည်ခြင်း
- အစာအိမ် အချဉ်ပြန်တက်ခြင်း
- အဝလွန်ခြင်း
- အစာအိမ်မှ အစာထွက်နှေးခြင်း
- အစာအိမ်မှာ
ပိုးဝင်ခြင်း
- အဆီများတဲ့
အစားအစာတွေ စားသုံးခြင်း
- အရက် အလွန်အကျွံ
သောက်သုံးခြင်း
- ဆေးလိပ်သောက်ခြင်း
ဒါ့အပြင် အချို့သော
ဆေးဝါးတွေ သောက်သုံးခြင်းကြောင့်လည်း အစာမကြေခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ အစာမကြေခြင်းကို
ဖြစ်ပွားစေတဲ့ ဆေးဝါးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အကိုက်အခဲပျောက်ဆေးများ
- သန္ဓေတားဆေးများ
- အချို့သော ပဋိဇီဝဆေးများ
- Thyroid ရောဂါ
ကာကွယ်ဆေးများ
တကယ်လို့ သင့်အနေနဲ့
အစာမကြေခြင်း ဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ ဖော်ပြပါ နည်းလမ်းတွေကို
လိုက်နာကျင့်သုံးသင့်ပါတယ်။
- အစာကိုကြေညက်အောင်
ဝါးစားခြင်း
- အစာစားနေစဉ်
ဖျော်ရည်များ သောက်သုံးမှုကို ရှောင်ကြဉ်ခြင်း
- အစာစားပြီးတိုင်း
သက်တောင့်သက်သာ အနားယူခြင်း
- အစပ် အလွန်အကျွံ
စားသုံးခြင်းကို ရှောင်ကြဉ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အရက်ဖြတ်ခြင်း
ဒါ့အပြင် ဗိုက်ပြည့်နေတဲ့
အချိန်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ တင်းကျပ်တဲ့ အဝတ်အစားများ
ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ခြင်း၊ မအိပ်ခင် အစာစားခြင်းကို ရှောင်ကြဉ်ခြင်း၊ ကဖိန်းဓာတ်
ပါဝင်တဲ့ သောက်စရာများ အလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဉ်ခြင်းတို့ဖြင့် အစာမကြေဝေဒနာ
ခံစားရမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
REF: WebMD, HealthLine