ဘာကြောင့် အစာစားပြီးချိန်တိုင်း မူးဝေနေရတာလဲ
- 26 Sep, 2019
- အဖြစ်များသောရောဂါများ
ကျွန်တော်တို့ လူသားတွေ အနေနဲ့ စားချိန်သောက်ချိန် မမှန်တဲ့အခါတွေမှာ၊ အစာလွန်တဲ့အခါတွေမှာ မူးဝေခြင်းကို ခံစားရလေ့ ရှိပါတယ်။ အစာမစားရခြင်းကြောင့် သွေးတွင်း ဂလူးကို့စ် ပမာဏ လျော့ကျသွားပြီး မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် တချို့သော လူဂ္ဂိုလ်တွေ အနေနဲ့ အစာစားပြီးချိန်မှာ မူးဝေခြင်းကို ခံစားရလေ့ ရှိပါတယ်။ အစာစားပြီးချိန်မှာ မူးဝေခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေကတော့ ကျန်းမာရေးချို့ယွင်းခြင်း၊ ရင်ပြည့်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတော့ အစာစားပြီချိန်တိုင်း မူးဝေရခြင်းရဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်။
ကျွန်တော်တို့ လူသားတွေ အနေနဲ့ စားချိန်သောက်ချိန် မမှန်တဲ့အခါတွေမှာ၊ အစာလွန်တဲ့အခါတွေမှာ မူးဝေခြင်းကို ခံစားရလေ့ ရှိပါတယ်။ အစာမစားရခြင်းကြောင့် သွေးတွင်း ဂလူးကို့စ် ပမာဏ လျော့ကျသွားပြီး မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် တချို့သော လူဂ္ဂိုလ်တွေ အနေနဲ့ အစာစားပြီးချိန်မှာ မူးဝေခြင်းကို ခံစားရလေ့ ရှိပါတယ်။ အစာစားပြီးချိန်မှာ မူးဝေခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေကတော့ ကျန်းမာရေးချို့ယွင်းခြင်း၊ ရင်ပြည့်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတော့ အစာစားပြီချိန်တိုင်း မူးဝေရခြင်းရဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်။
- သွေးတွင်းသကြားဓာတ်
လျော့နည်းခြင်း
အစာစားပြီချိန်မှာ
သွေးတွင်း သကြားဓာတ် အနေနဲ့ မြင့်တက်လာလေ့ ရှိပါတယ်။ ဒါပေမယ့် ဆီးချိုရှိသူတွေ၊ ဆီးချိုရောဂါ
ခံစားရနိုင်ခြေ ရှိသူတွေ အနေနဲ့ အစာစားပြီချိန်မှာ သွေးတွင်း သကြားဓာတ် နိမ့်ကျမှုကို
ခံစားရလေ့ ရှိပါတယ်။ ဒါ့အပြင် ဆီးချိုုရောဂါ မရှိသူတွေ အနေနဲ့ အစာစားပြီးချိန်မှာ သွေးတွင်း
သကြားဓာတ် နိမ့်ကျမှုကြောင့် မူးဝေခြင်း ဝေဒနာကို ခံစားရလေ့ ရှိပါတယ်။
- သွေးပေါင်ကျခြင်း
အစာစားပြိးချိန်မှာ
ရုတ်တရက် သွေးပေါင်ကျခြင်းကြောင့်လည်း မူးဝေခြင်းကို ခံစားရလေ့ ရှိပါတယ်။ အသက်အရွယ်ကြီးမြင့်သူတွေ၊
ပါကင်ဆန်ရောဂါ ခံစားရသူတွေ အနေနဲ့ ရုတ်တရက် သွေးပေါင်ကျခြင်းကြောင့် မူးဝေခြင်း ဝေဒနာကို
ခံစားရလေ့ ရှိပါတယ်။
- ဆီးချိုဆေးများ
သောက်သုံးမှုကြောင့် မူးဝေခြင်း
ဆီးချိုဆေးတွေ
အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှ သကြားဓာတ်ကို လျော့ချပေးတာကြောင့် မူးဝေခြင်းကို
ဖြစ်ပွားစေနိုင်ပါတယ်။ တကယ်လို့ အစာမစားခင် အချိန်မှာ ဆီးချိုဆေးကို သောက်သုံးခဲ့မယ်ဆိုရင်
အစားစားပြီးချိန်မှာ မူးဝေခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဆီးချိုဆေးတွေ
သောက်သုံးနေရပြီး မကြာခဏ မူးဝေခြင်းဝေဒနာကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့
အမြန်ဆုံး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
- အစားအသောက်များကြောင့်
မူးဝေခြင်း
အစားအစာနဲ့
ဓာတ်မတည့်တဲ့ အခါမှာလည်း မူးဝေခြင်းကို ခံစားရနိုင်ပါတယ်။ အရက်တွေ၊ ဆေးလိပ်တွေ၊ ကော်ဖီတွေမှာ
ဓာတုဒြပ်ပေါင်းတွေ၊ မူးယစ်ဆေးတွေ ပါဝင်တာကြောင့် အရက်၊ ဆေးလိပ်၊ ကော်ဖီတွေကို သောက်သုံးပြီးချိန်မှာ
မူးဝေခြင်းဝေဒနာကို ခံစားရခြင်းပဲ ဖြစ်ပါတယ်။
- ရုတ်တရက်ထိုင်ရာမှ
ထလိုက်ခြင်းကြောင့် မူးဝေခြင်း
ကျွန်တော်တို့
အနေနဲ့ အစားအသောက်တွေကို စားသုံးနေစဉ်မှာ ထိုင်ခုံမှာပဲဖြစ်ဖြစ်၊ ကြမ်းပြင်ပေါ်မှာပဲဖြစ်ဖြစ်
ထိုင်ပြီး စားသောက်လေ့ရှိပါတယ်။ စားသောက်ပြီးချိန် ထိုင်နေရာကနေ ရုတ်တရက် ထလိုက်တဲ့အခါမှာလည်း မူးဝေခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် အာရုံကြော
အားနည်းခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ သွေးတွင်းသကြားဓာတ် လျော့နည်းခြင်း၊ နှလုံးရောဂါရှိခြင်း၊
သွေးပေါင်ကျဆေးများ သောက်သုံးနေရခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အပူချိန်လွန်ကဲခြင်း၊ အဖျားကြီးခြင်း၊
သွေးကြောပိတ်ခြင်းတို့ကြောင့်လည်း ရုတ်တရက် မူးဝေခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ အစာစားပြီးချိန်မှာ
မူးဝေခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ဖြစ်ပွားစေမှာ မဟုတ်ပေမယ့် မကြာခဏ
မူးဝေခြင်းကို ခံစားနေရမယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
အစာစားပြီးချိန်မှာ
မူးဝေခြင်းကို ကာကွယ်နိုင်ဖို့မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အစာမစားခင်နဲ့
စားပြီးချိန်မှာ ရေသောက်ပေးခြင်း
- အရက်၊ ဆေးလိပ်၊
ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း
- အစာချေဖို့
လွယ်ကူတဲ့ အစားအစာများကို စားသုံးပေးခြင်း
- အစာစားပြီးချိန်တိုင်း
မိနစ် (၃၀) ခန့်ထိုင်နေပေးခြင်း
- ကိုယ်လက်လှုပ်ရှား
လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေးခြင်း
- အာဟာရဓာတ် ကြွယ်ဝသော
အစားအစာများကို စားသုံးပေးခြင်း
REF: MedicalNewsToday