အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 26 Sep, 2019
  • အဖြစ်များသောရောဂါများ

အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ဘက်တီးရီးယားတွေ၊ ဗိုင်းရက်စ်တွေ၊ ရောဂါပိုးမွှားတွေ စွဲကပ်နေတဲ့ အစားအစာတွေကို စားသုံးမိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ဘက်တီးရီးယားတွေ၊ ဗိုင်းရက်စ်တွေ၊ ရောဂါပိုးမွှားတွေ စွဲကပ်နေတဲ့ အစားအစာတွေကို စားသုံးမိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အစာအဆိပ်သင့်ခြင်း ဝေဒနာကို ခံစားနေရတဲ့အခါမှာ :

  • မူးဝေခြင်း
  • အော့အန်ခြင်း
  • ဝမ်းပျက်ခြင်း
  • သွေးဝမ်းသွားခြင်း
  • အဖျားတက်ခြင်း
  • ဗိုက်အောင့်ခြင်း
  • အားနည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • အစာစားချင်စိတ် မရှိခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ မကျက်တကျက်အသားတွေ၊ အသားစိမ်းတွေ၊ ဆေးကြောသန့်စင်ထားခြင်း မရှိတဲ့ အသီးအနှံတွေကို စားသုံးခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေတဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဥများ

ကြက်ဥ၊ ဘဲဥတွေမှာ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေတဲ့ Salmonella ဗိုင်းရပ်စ်ပိုး ပါဝင်ပါတယ်။ တကယ်လို့ ကြက်ဥ၊ ဘဲဥတွေကို မကြာခဏ မကျက်တကျက် စားသုံးမယ်ဆိုရင်တော့ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

  • အသားများ

မကျက်တကျက် ချက်ပြုတ်ထားတဲ့ အသားတွေ၊ အသားစိမ်းတွေမှာ Salmonella, E.Coli, Clostridium Perfringens, Yersinia စတဲ့ ဗိုင်းရပ်စ်ပိုးတွေ ပါဝင်တာကြောင့် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ အသားစိမ်း၊ ငါးစိမ်းတွေကို အခြားသော အစားအစာတွေနဲ့ ရောနှောထားရှိခြင်းဖြင့် ရောဂါပိုးတွေ ကူးစက်နိုင်တာကြောင့် အသားငါးတွေနဲ့ အခြားသော အစားအစာတွေကို သီးခြား သိမ်းဆည်းသင့်ပါတယ်။ ဒါ့အပြင် အသားစိမ်း၊ ငါးစိမ်းတွေကို ကိုင်တွယ်ပြီးတဲ့ အခါမှာလည်း လက်ကိုစင်ကြယ်အောင် ဆေးကြော သန့်စင်သင့်ပါတယ်။

  • အချဉ်ဖောက်ထားသော အစားအစာများ

အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ ဆီသွတ်ဗူးတွေမှာ Botulism လို့ အမည်ရတဲ့ ရောဂါပိုးတွေ ပါဝင်နိုင်တာကြောင့် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ Botulism ရောဂါပိုးကြောင့် အစာအဆိပ်သင့်ကို ဖြစ်ပွားစေနိုင်တဲ့အပြင် ဦးနှောက်နဲ့အာရုံကြောကိုပါ ထိခိုက်စေနိုင်ပါတယ်။

  • ပင်လယ်စာများ

ပင်လယ်စာ အစိမ်းတွေ၊ မကျက်တကျက် ချက်ပြုတ်ထားတဲ့ ပင်လယ်စာတွေမှာ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေတဲ့ Listeria, Salmonella ဗိုင်းရပ်စ်ပိုးတွေ တည်ရှိနေတတ်ပါတယ်။ ဒါ့အပြင် ပင်လယ်စာတွေကို အလွန်အကျွံ စားသုံးခြင်းကြောင့် ကာလဝမ်းရောဂါကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ တကယ်လို့ ပင်လယ်စာကနေ တစ်ဆင့် အစာအဆိပ်သင့်ခြင်း ဖြစ်ပွားမှုကို ရှောင်ရှားချင်တယ် ဆိုရင်တော့ လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း၊ ပင်လယ်စာ အစိမ်းများ၊ မကျက်တကျက်များ စားသုံးခြင်းကို ရှောင်ကြဉ်ခြင်းစတဲ့ အချက်တွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

  • သန့်စင်ထားခြင်း မရှိသော နို့နှင့်နို့ထွက်ပစ္စည်းများ

သန့်စင်ထားခြင်း မရှိတဲ့ နို့နှင့်နို့ထွက်ပစ္စည်းတွေမှာ Listeria ဗိုင်းရပ်စ်ပိုး တည်ရှိနေလေ့ ရှိပါတယ်။ Listeria ဗိုင်းရပ်စ်ပိုးကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

အစာအဆိပ်သင့် ဝေဒနာကို ခံစားနေရတဲ့ အချိန်မှာ နို့နှင့်နို့ထွက်ပစ္စည်းတွေ၊ အဆီများတဲ့ အစားအစာတွေ၊ အစပ်တွေ၊ အကြော်တွေ၊ ကော်ဖီတွေ၊ အရက်တွေ၊ ဆေးလိပ်တွေ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အစာအဆိပ်သင့် ဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

  • အသားငါးများကို ကျက်အောင်ချက်ပြုတ်ပြီးမှသာ စားသုံးခြင်း
  • အသီးအနှံများကို စင်ကြယ်အောင် ဆေးကြောခြင်း
  • ဆီသွတ်ဗူးများ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
  • ရက်လွန်အစားအစာများ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
  • အသားငါးတွေ ကိုင်တွယ်ပြီးချိန်မှာ လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း
REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.