ယောဂကစားခြင်းရဲ့ အကျိုးကျေးဇူးများ

  • 26 Sep, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

ယောဂကျင့်စဉ်ဆိုတာကတော့ ရှေးခေတ်အိန္ဒိယလူမျိုးတွေရဲ့ သက်ရှည်ကျန်းမာစွာ နေထိုင်နေဖို့အတွက် ကျင့်သုံးခဲ့ကြတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ယောဂကစားခြင်းကို အားကစားတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းလုံးက လက်ခံကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။

ယောဂကျင့်စဉ်ဆိုတာကတော့ ရှေးခေတ်အိန္ဒိယလူမျိုးတွေရဲ့ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် ကျင့်သုံးခဲ့ကြတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ယောဂကစားခြင်းကို အားကစားတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းလုံးက လက်ခံကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ယောဂကစားခြင်းကြောင့် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်းများစွာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယောဂကစားခြင်းရဲ့ အကျိုးကျေးဇူးတွေကို Caremebot ပရိသတ်ကြီး လေ့လာနိုင်ဖို့အတွက် အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • စိတ်ဖိစီးမှုကိုလျော့ချပေးခြင်း

ယောဂကစားခြင်းကြောင့် စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်မှာ ဖြစ်သလို လန်းဆန်း တက်ကြွနေစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယောဂကစားခြင်းကြောင့် စိတ်ဖိစီးမှုကို ဖြစ်ပွားစေနိုင်တဲ့ ခန္ဓာကိုယ်အတွင်းမှ Cortisol ဟော်မုန်း ပမာဏကိုလည်း လျော့ချပေးသွားမှာ ဖြစ်ပါတယ်။

  • စိုးရိမ်စိတ်လွန်ကဲမှုကို လျော့ချပေးခြင်း

လေ့လာတွေ့ရှိချက်တွေအရ လူအများစုအနေနဲ့ စိုးရိမ်စိတ်လွန်ကဲမှုကို လျော့ချနိုင်ဖို့အတွက် ယောဂကစားလေ့ ရှိကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယောဂကစားခြင်းကြောင့် စိတ်နှလုံးငြိမ်းချမ်းမှုကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ်ကို သွက်လက်ပေါ့ပါးစေခြင်း

ယောဂကစားခြင်းကြောင့် ရရှိနိုင်တဲ့ အဓိက အကျိုးကျေးဇူး တစ်ချက်ကတော့ ခန္ဓာကိုယ်ကို သွက်လက် ပေါ့ပါးစေခြင်းပဲ ဖြစ်ပါတယ်။ ယောဂကစားနည်းကို စတင် ကစားစဉ်အချိန်မှာ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေမှာ ဖြစ်ပေမယ့် ကျင့်သားရလာချိန်မှာတော့ ခန္ဓာကိုယ် သွက်လက်ပေါ့ပါးလာခြင်းကို သိသိသာသာ ခံစားရမှာ ဖြစ်ပါတယ်။

  • ကြွက်သားများကို ကြံ့ခိုင်သန်စွမ်းစေခြင်း

ယောဂကစားခြင်းကြောင့် ကြွက်သားများကိုလည်း ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။ ကြွက်သားများ ကြံ့ခိုင်သန်စွမ်းခြင်းကြောင့် ခါးနာခြင်း၊ အဆစ်ရောင်ခြင်းစတဲ့ ဝေဒနာတွေ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယောဂကစားခြင်းကြောင့် အသက်ကြီးသူတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ခြေမခိုင်၊လက်မခိုင် ဖြစ်လာခြင်း ဝေဒနာကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ယောဂကစားခြင်းကြောင့် နောက်ထပ်ရရှိနိုင်တဲ့ အကျိူးကျေးဇူး တစ်ခုကတော့ အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်းပဲ ဖြစ်ပါတယ်။ ယောဂကစားရာမှာ ခန္ဓာကိုယ် လှုပ်ရှားမှုတွေကို မကြာခဏ ပြုလုပ်ရခြင်းကြောင့် အရိုးအဆစ်တွေ မာကြော သန်စွမ်းလာမှာ ဖြစ်ပါတယ်။

  • နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ယောဂကစားခြင်းကြောင့် သွေးပေါင်ချိန် မြင့်တက်မှုကို ထိန်းညှိပေးမှာဖြစ်ပြီး နှလုံးခုန်နှုန်း မူမမှန်ခြင်းကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ သွေးပေါင်တက်ခြင်းကြောင့် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ယောဂကစားခြင်းဖြင့် ခန္ဓာကိုယ်အတွက် ဆိုးကျိုးကို ဖြစ်ပွားစေတဲ့ ကိုလက်စထရော ပမာဏကိုလည်း လျော့ချနိုင်မှာ ဖြစ်ပါတယ်။

  • အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း

ယောဂကစားခြင်းကြောင့် သိသိသာသာ ရရှိနိုင်တဲ့ နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ယောဂကစားခြင်းကြောင့် မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးမှာဖြစ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

  • နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း

ညအခါတွေမှာ ကောင်းမွန်စွာ အိပ်စက်အနားယူခွင့် ရရှိခဲ့ခြင်း မရှိဘူးဆိုရင် အဝလွန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ စိတ်ကျဝေဒနာ ခံစားရခြင်း၊ စိတ်ဝေဒနာ ခံစားရခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ယောဂကစားခြင်းကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေမှာဖြစ်ပြီး အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေ ခံစားရမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.