အရိုးအဆစ်များ ကြံ့ခိုင်သန်စွမ်းစေဖို့ စားသုံးသင့်တဲ့ အစားအစာများ

  • 25 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အတွက် ကယ်ဆီယမ်နဲ့ ဗီတာမင် D ကိုအဓိက အနေနဲ့ လိုအပ်ပါတယ်။ ကယ်ဆီယမ် အနေနဲ့ အရိုးအဆစ်နဲ့ သွားများကို ကြံ့ခိုင်သန်စွမ်းစေဖို့ အဓိက အနေနဲ့ အထောက်အကူ ပေးလျက်ရှိပြီး ဗီတာမင် D အနေနဲ့ ကယ်ဆီယမ်ကို စုပ်ယူနိုင်ဖို့နဲ့ အရိုးအဆစ်တွေ ကြီးထွားစေဖို့ ကြီးမားတဲ့ အထောက်အကူကို ပေးလျက်ရှိပါတယ်။

အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အတွက် ကယ်ဆီယမ်နဲ့ ဗီတာမင် D ကိုအဓိက အနေနဲ့ လိုအပ်ပါတယ်။ ကယ်ဆီယမ် အနေနဲ့ အရိုးအဆစ်နဲ့ သွားများကို ကြံ့ခိုင်သန်စွမ်းစေဖို့ အဓိက အနေနဲ့ အထောက်အကူ ပေးလျက်ရှိပြီး ဗီတာမင် D အနေနဲ့ ကယ်ဆီယမ်ကို စုပ်ယူနိုင်ဖို့နဲ့ အရိုးအဆစ်တွေ ကြီးထွားစေဖို့ ကြီးမားတဲ့ အထောက်အကူကို ပေးလျက်ရှိပါတယ်။

အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းခြင်း မရှိဘူးဆိုရင် အရိုးကျိုးလွယ်ခြင်း၊ အရိုးပွခြင်း၊ အရိုးပျော့ခြင်း၊ အရိုးကင်ဆာ ဖြစ်ပွားခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အတွက် စားသုံးသင့်တဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ဒိန်ချဉ်

အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းစေဖို့ လိုအပ်တဲ့ ဗီတာမင် D ကို နေရောင်ခြည်ကနေ တစ်ဆင့် ရရှိနိုင်သလို ဒိန်ချဉ်ကနေ တစ်ဆင့်လည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်မှာ ကယ်ဆီယမ်ဓာတ်လည်း ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးသင့်ပါတယ်။

  • နွားနို့

နွားနို့မှာ ကယ်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အတွက် တစ်နေ့ကို နွားနို့ သုံးခွက်ခန့် သောက်သုံးပေးသင့်ပါတယ်။

  • ဒိန်ခဲ

ဒိန်ခဲမှာ ကယ်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးအဆစ်နဲ့ သွားများကို ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒိန်ခဲမှာ ကယ်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်သလို ကယ်လိုရီတွေလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် အဝလွန်ခြင်း၊ သွေးပေါင်တက်ခြင်းတို့ကို ဖြစ်ပွားစေနိုင်တဲ့အပြင် ဒိန်ခဲမှာ အမျှင်ဓာတ် ပါဝင်ခြင်း မရှိတာကြောင့် အလွန်အကျွံ စားသုံးမယ်ဆိုရင် ဝမ်းချုပ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

  •  ဆာဒင်းငါး (ငါးသေတ္တာငါး)

ငါးသေတ္တာငါးမှာ ဗီတာမင် D နဲ့ ကယ်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ပုံမှန်စားသုံးပေးခြင်းဖြင့် အရိုးအဆစ်တွေကို ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငါးသေတ္တာငါးမှာ အိုမီဂါ (3) ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရောဂါဖြစ်ပွားခြင်း၊ သွေးခဲခြင်းစတဲ့ ရောဂါဝေဒနာတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ဥများ

ကြက်ဥ/ ဘဲဥတွေကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် အရိုးအဆစ်တွေ ကျန်းမာသန်စွမ်းစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥတွေမှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကြွက်သားများကို ကြီးထွားသန်မာစေမှာ ဖြစ်သလို အရိုးကျန်းမာရေးကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

  • ဆဲလ်မွန်ငါး

ဆဲလ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ဗီတာမင် D ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးအဆစ်တွေကို ကျန်းမာသန်စွမ်းစေမှာ ဖြစ်သလို နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

  • ဟင်းနုနွယ်ရွက်

နို့နှင့်နို့ထွက်ပစ္စည်းတွေ၊ အသားငါးတွေ စားသုံးရတာကို နှစ်သက်ခြင်း မရှိပေမယ့် အရိုးအဆစ်တွေကို ကြံ့ခိုင်သန်စွမ်းချင်တယ် ဆိုရင်တော့ ဟင်းနုနွယ်ရွက်ကို စားသုံးပေးသင့်ပါတယ်။ ဟင်းနုနွယ်ရွယ်မှာ ကယ်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင် A တို့ပါဝင်တာကြောင့် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ပုံမှန်စားသုံးပေးသင့်ပါတယ်။

REF: Health

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.