ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းများ
- 25 Sep, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
အသက်အရွယ် ကြီးမြင့်လာတာနဲ့အမျှ ကျွန်တော်တို့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်းနဲ့ နိမ့်ကျလို့ လာခဲ့ပါတယ်။ ဒါကြောင့် အသက်အရွယ် ကြီးရင့်လာပေမယ့် ဦးနှောက် စွမ်းဆောင်ရည် ကျဆင်းသွားခြင်း မရှိအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
အသက်အရွယ် ကြီးမြင့်လာတာနဲ့အမျှ
ကျွန်တော်တို့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်းနဲ့ နိမ့်ကျလို့ လာခဲ့ပါတယ်။
ဒါကြောင့် အသက်အရွယ် ကြီးရင့်လာပေမယ့် ဦးနှောက် စွမ်းဆောင်ရည် ကျဆင်းသွားခြင်း မရှိအောင်
လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- လေ့ကျင့်ခန်း
ပုံမှန်လုပ်ဆောင်ပေးခြင်း
လေ့ကျင့်ခန်း
ပုံမှန်လုပ်ဆောင်ပေးခြင်းကြောင့် ခန္ဓာကိုယ် ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေမှာ
ဖြစ်သလို စိတ်ကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းကြောင့်
ခန္ဓာကိုယ်မှ သွေးလွှတ်ကြောများ အနေနဲ့ ဦးနှောက်ကို အောက်ဆီဂျင်ဓာတ် ကြွယ်ဝတဲ့ သွေးတွေကို
ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ အောက်ဆီဂျင် ကြွယ်ဝတဲ့ သွေးတွေကို ရရှိခြင်းကြောင့်
ဦးနှောက် စွမ်းဆောင်ရည်တွေ ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်း
ပုံမှန်လုပ်ဆောင်ပေးခြင်းကြောင့် သွေးပေါင်ချိန် မြင့်တက်မှုကို ထိန်းညှိနိုင်ခြင်း၊
သွေးတွင်းသကြားပမာဏကို ထိန်းညှိနိုင်ခြင်း၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်းစတဲ့
အကျိုးကျေးဇူးတွေကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
- တရားထိုင်ခြင်း
တရားထိုင်ခြင်းကြောင့်
အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေမှာ ဖြစ်သလို စိတ်ကျဝေဒနာ ခံစားရခြင်းကိုလည်း
သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရားထိုင်ခြင်းကြောင့် မှတ်ဉာဏ်စွမ်းအင်လည်း
ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
- နှစ်ခြိုက်စွာ
အိပ်စက်အနားယူခြင်း
တကယ်လို့ ကျွန်တော်တို့
လူသားတွေ အနေနဲ့ နှစ်ခြိုက်စွာ အိပ်စက်အနားယူခွင့် ရရှိခဲ့ခြင်း မရှိဘူးဆိုရင် မှတ်ဉာဏ်
စွမ်းအင်တွေ ကျဆင်းလာမှာဖြစ်ပြီး ခန္ဓာကိုယ် စွမ်းဆောင်ရည်တွေလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဖြင့် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး
နှစ်မျိုးလုံးအတွက် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
- ကျန်းမာရေးနဲ့
ညီညွတ်စွာ စားသောက်ခြင်း
ကျန်းမာရေးနဲ့
ညီညွတ်စွာ နေထိုင်စားသောက်ခြင်းကြောင့် ဦးနှောက် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မှာ
ဖြစ်သလို ခန္ဓာကိုယ် စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ အသီးအနှံတွေ၊
အသားငါးတွေ၊ အစေ့အဆံတွေကို အချိုးညီညီ မျှတစွာ စားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းမှုဆိုင်ရာ
ရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- သွေးတွင်းသကြားဓာတ်ကို
ထိန်းညှိခြင်း
သွေးတွင်းမှာ
သကြားဓာတ်တွေ များလာခြင်းကြောင့် ဆီးချိုရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ ဆီးချိုရောဂါ
ဖြစ်ပွားခြင်းကြောင့် မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အချိုဓာတ်
လွန်ကဲတဲ့ အစားအစာတွေ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ဦးနှောက်စွမ်းဆောင်ရည်
လျော့ကျမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- ဆေးလိပ်/ အရက်
သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း
ဆေးလိပ်နဲ့အရက်
အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်သလို အခြားသော ကျန်းမာရေးဆိုင်ရာ
ဘေးထွက်ဆိုးကျိုးပေါင်းများစွာကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်နဲ့အရက်
အလွန်အကျွံ သုံးစွဲခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။
- စာအုပ်စာပေ
ဖတ်ရှုခြင်း
စာအုပ်စာပေ
ဖတ်ရှုလေ့လာခြင်းဖြင့် မှတ်ဉာဏ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို စိတ်တည်ငြိမ်မှုကို
တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းကြောင့် များစွာသော
ဗဟုသုတတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
REF: HarvardHealth, TheHealthy
