မကြာခဏ နှာချေရခြင်းရဲ့ အကြောင်းအရင်းများ

  • 25 Sep, 2019
  • အဖြစ်များသောရောဂါများ

ရာသီအပြောင်းအလဲတွေ၊ ဖျားနာတုပ်ကွေး ရောဂါတွေ ခံစားရတဲ့ အခါမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ ရှိပါတယ်။ ဒါပေမယ့် အထက်မှာ ဖော်ပြထားတဲ့ အကြောင်းအရင်းများကြောင့် မဟုတ်ပဲ မကြာခဏ နှာချေခြင်းကို ဖြစ်ပေါ်စေတဲ့ အခြားသော အကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ဒီတော့ မကြာခဏ နှာချေရခြင်းရဲ့ အကြောင်းအရင်းတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။

ရာသီအပြောင်းအလဲတွေ၊ ဖျားနာတုပ်ကွေး ရောဂါတွေ ခံစားရတဲ့ အခါမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ ရှိပါတယ်။ ဒါပေမယ့် အထက်မှာ ဖော်ပြထားတဲ့ အကြောင်းအရင်းများကြောင့် မဟုတ်ပဲ မကြာခဏ နှာချေခြင်းကို ဖြစ်ပေါ်စေတဲ့ အခြားသော အကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ဒီတော့ မကြာခဏ နှာချေရခြင်းရဲ့ အကြောင်းအရင်းတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။

  • ဓာတ်မတည့်ခြင်း

မကြာခဏ နှာချေခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ဓာတ်မတည့်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံနဲ့ ဓာတ်မတည့်ခြင်း၊ ဖုန်မှုန့်တွေရှူမိခြင်း၊ တိရစ္ဆာန်အမွေးတွေ ရှူမိခြင်းစတဲ့ အချက်တွေကြောင့်လည်း မကြာခဏ နှာချေခြင်းကို ဖြစ်ပွားစေပါတယ်။ တစ်ခါတရံမှာ နို့နှင့်နို့ထွက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ခြင်းကြောင့်လည်း မကြာခဏ နှာချေခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ထိပ်ကပ်နာရောဂါ ဖြစ်ပွားခြင်း

ထိပ်ကပ်နာ ဖြစ်ပွားတဲ့အခါမှာ နှာရေယိုခြင်း၊ နှာပိတ်ခြင်း၊ ကိုယ်ပူခြင်း၊ ဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်သလို မကြာခဏ နှာချေခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ထိပ်ကပ်နာရောဂါကို ခံစားနေရမယ်ဆိုရင် ပါရာစီတမော သောက်သုံးပေးခြင်း၊ ရေနွေးငွေ့ ရှူပေးခြင်းဖြင့် အလွယ်တကူ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • ဆေးဝါးများကြောင့် မကြာခဏနှာချေခြင်း

တချို့သော ဆေးဝါးတွေကို သောက်သုံးတဲ့ အခါမှာ အာရုံကြောကို ထိခိုက်စေနိုင်တာကြောင့် မကြာခဏ နှာချေခြင်းကို ဖြစ်ပွားစေပါတယ်။ အထူးသဖြင့် သွေးပေါင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ အဖျားပျောက်ဆေးတွေကို သောက်သုံးတဲ့အခါမှာ မကြာခဏ နှာချေခြင်းကို ဖြစ်ပွားစေပါတယ်။

  • နှာခေါင်းတွင်း အသားပိုထွက်ခြင်း

တကယ်လို့ နှာခေါင်းတွင်းမှာ အသားပို ရှိနေမယ်ဆိုရင် မကြာခဏ နှာချေခြင်း၊ နှာရေယိုခြင်း၊ နှာခေါင်းတစ်ဝိုက် ယားယံခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။

  • လေထုညစ်ညမ်းခြင်း

မော်တော်ယာဉ်တွေက ထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေ၊ စက်ရုံတွေက ထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေကို ရှူရှိုက်မိခြင်းကြောင့်လည်း မကြာခဏ နှာချေခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် လေထုညစ်ညမ်းခြင်းကြောင့် မကြာခဏ နှာချေခြင်းအပြင် အခြားသော ရောဂါဝေဒနာပေါင်းများစွာကို ခံစားရနိုင်ပါတယ်။

  • အရက်သောက်သုံးခြင်း

အရက်ဘီယာတွေမှာ ပါဝင်တဲ့ အယ်လ်ကိုဟောဓာတ်ကြောင့်လည်း မကြာခဏ နှာချေခြင်း၊ နှာရေယိုခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် အပူ၊ အစပ်တွေ လွန်ကဲတဲ့ အစားအစာတွေ စားသုံးခြင်းကြောင့်လည်း မကြာခဏ နှာချေခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ဟော်မုန်းပြောင်းလဲခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ၊ ရာသီသွေးဆင်းချိန်မှာ ဟော်မုန်းပြောင်းလဲခြင်းကြောင့် မကြာခဏ နှာချေခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်တားဆေးတွေ သုံးစွဲခြင်းကြောင့်လည်း မကြာခဏ နှာချေခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

REF: TheHealthyMayoClinic

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.