ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအကြောင်း သိထားသင့်တဲ့အချက်များ
- 24 Sep, 2019
- မျိုးဆက်ပွားကျန်းမာရေး
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ယောက်ျား၊ မိန်းမ ဘယ်သူမဆို ခံစားရလေ့ ရှိကြပါတယ်။ ဆီးသွားလိုက်တဲ့ အခါမှာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို စွန့်ထုတ်ပစ်လေ့ ရှိပါတယ်။ ဒါပေမယ့် အချို့သော ဘက်တီးရီးယားတွေ ဆီးလမ်းကြောင်းမှာ ကျန်ရှိနေခြင်းကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဖြစ်ပွားစေခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ ဆီးလမ်းကြောင်းမှာ မှိုစွဲခြင်းကြောင့်လည်း ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

ဆီးလမ်းကြောင်း
ပိုးဝင်ခြင်းကို လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ခံစားရလေ့ ရှိပေမယ့် အမျိုးသားတွေထက်
အမျိုးသမီးတွေမှာ ရောဂါဖြစ်နိုင်ချေ ပိုမိုများပြားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသမီးတွေရဲ့
ဆီးထုတ်ပြွန်က အမျိုးသားတွေရဲ့ ဆီးထုတ်ပြွန်ထက် တိုနေတာကြောင့်ပဲ ဖြစ်ပါတယ်။
ဆီးလမ်းကြောင်း
ပိုးဝင်ခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆီးချိုရောဂါ
ဖြစ်ပွားနေခြင်း
- တစ်ကိုယ်ရည်သန့်ရှင်းမှု
နည်းပါးခြင်း
- ကျောက်ကပ်မှာ
ကျောက်တည်နေခြင်း
- ကိုယ်ဝန်ရှိခြင်း
- ခုခံအားကျဆင်းနေခြင်း
- လိင်ဆက်ဆံဖော်
တစ်ဦးထက်ပိုခြင်း
- ဆီးထွက်ကျခြင်း၊
ဆီးမထိမ်းနိုင်ခြင်း
- သန္ဓေတားဆေးများ
သုံးစွဲခြင်း
ဆီးလမ်းကြောင်းမှာ
ပိုးဝင်နေတဲ့ အခါမှာ :
- ဆီးသွားရာမှာ
နာကျင်ခြင်း
- မကြာခဏ ဆီးသွားခြင်း
- နောက်ကျော နာကျင်ခြင်း
- ဆီးသွားရာတွင်
သွေးပါခြင်း
- အော့အန်ခြင်း
- မူးဝေခြင်း
- မောပန်နွမ်းနယ်ခြင်း
- ဖျားနာခြင်းစတဲ့
ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ အထက်ပါ ရောဂါဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသသင့်ပါတယ်။ သင့်အနေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ချင်ရင်တော့ အောက်ပါ နည်းလမ်းများကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
- ရေများများသောက်ပေးပါ။
- အရက်နဲ့ ကော်ဖီ
အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
- ချစ်တင်းနှောပြီးတိုင်း
ဆီးသွားပေးပါ။
- တစ်ကိုယ်ရေသန့်ရှင်းမှုကို
ဂရုစိုက်ပေးပါ။
- လိင်အင်္ဂါတစ်ဝိုက်
အမွှေးအကြိုင်များ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
REF: MedicalNewsToday, HealthLine