ပရိုတိန်းရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

  • 24 Sep, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

ပရိုတိန်းဓာတ်ဆိုတာကတော့ ကျွန်တော်တို့ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင် သန်စွမ်းစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ပရိုတိန်းဓာတ် အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းက တစ်သျှူးတွေ ပြန်လည်ပြုပြင်ရာမှာ ကြီးမားတဲ့ အထောက်အကူကို ပေးလျက်ရှိပါတယ်။

ပရိုတိန်းဓာတ်ဆိုတာကတော့ ကျွန်တော်တို့ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင် သန်စွမ်းစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ပရိုတိန်းဓာတ် အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းက တစ်သျှူးတွေ ပြန်လည်ပြုပြင်ရာမှာ ကြီးမားတဲ့ အထောက်အကူကို ပေးလျက်ရှိပါတယ်။

အရွယ်ရောက်ပြီး အမျိုးသမီး တစ်ဦးအနေနဲ့ တစ်နေ့ကို ပရိုတိန်းဓာတ် ၄၅ ဂရမ်ခန့် ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပြီး အမျိုးသားတွေ အနေနဲ့ ပရိုတိန်း ၅၆ ဂရမ်ခန့် ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ် ဖွံ့ဖြိုးချင်သူတွေ၊ ကြွက်သားတွေ တောင့်တင်း သန်မာချင်သူတွေ အနေနဲ့လည်း ပရိုတိန်းပါဝင်တဲ့ အစားအစာတွေ၊ ပရိုတိန်းဓာတ် ဖြည့်စွက်စာတွေကို စားသုံးလေ့ ရှိကြပါတယ်။ ဒါကြောင့် ပရိုတိန်းရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • အစာစားချင်စိတ်ကို လျော့ချပေးခြင်း

ပရိုတိန်း ပါဝင်တဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် အစာစားချင်စိတ်ကို လျော့ချပေးသွားမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပရိုတိန်း အနေနဲ့ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာလေ့ရှိတဲ့ အစာစားချင်စိတ် ဟော်မုန်းထွက်ပေါ်လာခြင်းကို ထိန်းညှိပေးထားတာကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိချင်တယ် ဆိုရင်တော့ အဆီများတဲ့ အစားအစာတွေ စားသုံးခြင်းထက် ပရိုတိန်း ပါဝင်တဲ့ အစားအစာတွေကိုသာ စားသုံးသင့်ပါတယ်။

  • ကြွက်သားများကို ကြီးထွားသန်မာစေခြင်း

ပရိုတိန်းဓာတ် အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို ကြီးထွားသန်မာစေဖို့အတွက် ကြီးမားတဲ့ အထောက်အကူကို ပေးလျက်ရှိပါတယ်။ ဒါကြောင့် ပရိုတိန်း ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးမယ်ဆိုရင် ကြွက်သားတွေ တက်လာမှာ ဖြစ်တဲ့အပြင် သန်မာလာမှာလည်း ဖြစ်ပါတယ်။

  • အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း

လေ့လာတွေ့ရှိချက်တွေအရ ပရိုတိန်းဓာတ် ပါဝင်တဲ့ အသားငါးတွေကို စားသုံးခြင်းကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပရိုတိန်း ပါဝင်တဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်တဲ့အပြင် အရိုးကျိုးလွယ်ခြင်း၊ အရိုးပွခြင်း၊ အရိုးပါးခြင်းစတဲ့ ဝေဒနာတွေ ခံစားရမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေခြင်း

ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းကြောင့် ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေမှာ ဖြစ်တဲ့အပြင် ခန္ဓာကိုယ်တွင်းမှ ကယ်လိုရီတွေလည်း လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။

  • သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

သွေးပေါင်တက်ခြင်းကြောင့် နှလုံးရောဂါ၊ လေဖြတ်ဝေဒနာ၊ ကျောက်ကပ်ရောဂါတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်မှာ ဖြစ်တဲ့အပြင် ခန္ဓာကိုယ်အတွက် ဆိုးကျိုးကို ဖြစ်ပွားစေတဲ့ ကိုလက်စထရော ပမာဏကိုလည်း လျော့ချပေးသွားမှာ ဖြစ်ပါတယ်။

ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကြက်ဥ
  • ကြက်သား
  • ကွေကာအုပ်
  • နို့နဲ့နို့ထွက်ပစ္စည်းများ
  • ဂေါ်ဖီစိမ်း
  • ဒိန်ချဉ်
  • ဆဲလ်မွန်ငါး
  • ပဲများ
  • အမဲသား
  • အနီရောင်အသားများ
REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.