အမည်းစက်တွေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းများ
- 19 Sep, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
နေရောင်ခြည်နဲ့ ထိတွေ့မှုများတဲ့ မျက်နှာတွေ၊ လက်တွေ၊ ပုခုံးတွေမှာ အမည်းစက်တွေ ထွက်ပေါ်လာလေ့ ရှိပါတယ်။ ဒါ့အပြင် ဟော်မုန်းပြောင်းလဲခြင်း၊ ယားယံခြင်း၊ ဆီးချိုရောဂါဖြစ်ပွားခြင်း၊ အသည်းရောဂါ ဖြစ်ပွားခြင်းတို့ကြောင့်လည်း အရေပြားမှာ အမည်းစက်တွေ ထွက်ပေါ်လာလေ့ ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ထွက်ပေါ်လာလေ့ရှိတဲ့ အမည်းစက်တွေကို အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကို Caremebot ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
နေရောင်ခြည်နဲ့
ထိတွေ့မှုများတဲ့ မျက်နှာတွေ၊ လက်တွေ၊ ပုခုံးတွေမှာ အမည်းစက်တွေ ထွက်ပေါ်လာလေ့ ရှိပါတယ်။
ဒါ့အပြင် ဟော်မုန်းပြောင်းလဲခြင်း၊ ယားယံခြင်း၊ ဆီးချိုရောဂါဖြစ်ပွားခြင်း၊ အသည်းရောဂါ
ဖြစ်ပွားခြင်းတို့ကြောင့်လည်း အရေပြားမှာ အမည်းစက်တွေ ထွက်ပေါ်လာလေ့ ရှိပါတယ်။ ဒါကြောင့်
ခန္ဓာကိုယ်မှာ ထွက်ပေါ်လာလေ့ရှိတဲ့ အမည်းစက်တွေကို အလွယ်တကူ သက်သာပျောက်ကင်းစေမယ့်
နည်းလမ်းတွေကို Caremebot ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
- အာလူး
အာလူးကို
နေ့စဉ်ပုံမှန် စားသုံးခြင်းကြောင့် ခန္ဓာကိုယ်ပေါ်မှ အမည်းစက်တွေကို သက်သာပျောက်ကင်းစေမှာ
ဖြစ်သလို အသားအရေကိုလည်း ချောမွေ့လှပစေမှာ ဖြစ်ပါတယ်။ အာလူးကို နေ့စဉ်ပုံမှန် စားသုံးခြင်းအပြင်
အာလူးကိုကျိတ်ပြီး ထွက်လာတဲ့အရည်ကို အမည်းစက်တွေအပေါ် လိမ်းကျံပေးခြင်းဖြင့်လည်း အမည်းစက်တွေကို
သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ပန်းသီးရှာလကာရည်
အမည်းစက်တွေကို
အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုကတော့ ပန်းသီးရှာလကာရည်ကို အသုံးပြုခြင်းပဲ
ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်နဲ့ရေကို ဆတူရောစပ်ပြီး အမည်းစက်တွေ အပေါ် လိမ်းကျံပေးခြင်းဖြင့်
အမည်းစက်တွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ကြက်သွန်နီ
ကြက်သွန်နီကို
အသုံးပြုခြင်းဖြင့် အရသာရှိတဲ့ ဟင်းတစ်ခွက်ကို ဖန်တီးနိုင်မှာ ဖြစ်တဲ့အပြင် ကြက်သွန်နီမှာ
ပါဝင်တဲ့ အက်စစ်ဓာတ်က အရေပြား ကျန်းမာရေးအတွက်လည်း များစွာသော အထောက်အကူကို ဖြစ်စေပါတယ်။
ကြက်သွန်နီကို အကွင်းလိုက်လှီးပြီး အမည်းစက်တွေအပေါ် ပွတ်ပေးခြင်းဖြင့် အမည်းစက်တွေကို
သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ဗီတာမင်
C
ဗီတာမင်
C မှာ အရေပြား ပျက်စီးခြင်းကို အကာအကွယ် ပေးနိုင်တဲ့ အက်တီအောက်ဆီဒန့်တွေ ပါင်ပါတယ်။
ဒါကြောင့် ဗီတာမင် C ပါဝင်တဲ့ အသီးအနှံတွေ၊ အစားအစာတွေကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့်
အမည်းစက်တွေကို အလွယ်တကူ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ပဲပိစပ်
ပဲပိစပ်မှာ
အသားအရေကို နူးညံ့ချောမွေ့စေတဲ့အပြင် ဝင်းလက်တောက်ပစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။
ဒါကြောင့်လည်း ပဲပိစပ်ကို အလှကုန်ပစ္စည်းတွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။ တကယ်လို့ အသားအရေပေါ်က
အမည်းစက်တွေကို သက်သာပျောက်ကင်းချင်တယ် ဆိုရင်တော့ ပဲပိစပ်ကို ပုံမှန် စားသုံးပေးသင့်ပါတယ်။
- ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်
ဆိုတာကတော့ ထိခိုက်ဒဏ်ရာရတာတွေ၊ အရေပြားပွန်းပဲ့တာတွေ၊ မီးလောင်ဒဏ်ရာတွေ ရရှိတဲ့အခါမှာ
အသုံးပြုတဲ့ အပျော့စား ပိုးသတ်ဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကို
ပါးစပ်သန့်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ရဲ့ နောက်ထပ်
အသုံးဝင်မှု တစ်ခုကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်အပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ခြင်းပဲ
ဖြစ်ပါတယ်။ ဒါကြောင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကို ရေအေးနဲ့ရောပြီး အမည်းစက်တွေ ထင်ကျန်နေတဲ့ အသားအရေအပေါ်
လိမ်းကျံပေးခြင်းဖြင့် အမည်းစက်တွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
REF: HealthyBuilder, Self