ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့အချက်များ
- 17 Sep, 2019
- အမျိုးသမီးကျန်းမာရေး
အမျိုးသမီးတွေ အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် စရိုက်လက္ခဏာတွေ တူညီခြင်း မရှိတာကြောင့် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့အချက်တွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ဝန်ရှိမရှိ အလွယ်တကူ သိရှိနိုင်တဲ့ အချက်ကတော့ ကိုယ်ဝန်စစ်ကြည့်ခြင်းပဲ (Pregnancy Test) ဖြစ်ပါတယ်။ ကိုယ်ဝန်စစ်ကြည့်ခြင်းအပြင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အခြားသော အချက်အလက်တွေလည်း ရှိပါသေးတယ်။ ဒီတော့ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့အချက်တွေကို လေ့လာကြည့်လိုက်ရအောင်။
- အမျိုးသမီးအင်္ဂါမှာ
အစက်အပြောက်များထွက်ခြင်း/ နာကျင်ခြင်း
လိင်ဆက်ဆံရာကနေတစ်ဆင့် မျိုးအောင်သွားခဲ့ပြီဆိုရင် အမျိုးသမီးတွေရဲ့ သားအိမ်မှာ မျိုးဥလေးတွေ တွယ်ကပ်သွားလေ့ ရှိကြပါတယ်။ အဲဒီအခါမှာ အမျိုးသမီးအင်္ဂါ (ယောနိ) မှာ အစက်အပြောက်များထွက်ခြင်း၊ ယောနိတစ်ဝိုက် နာကျင်ခြင်းများကို ဖြစ်ပွားစေပါတယ်။ ယောနိမှာ အစက်အပြောက်များထွက်ခြင်း/ နာကျင်ခြင်းများအပြင် တစ်ခါတရံမှာ အဖြူဆင်းခြင်းကိုလည်း ခံစားရစေနိုင်ပါတယ်။ တကယ်လို့ အဖြူဆင်းတဲ့ ပမာဏများလာခြင်း၊ ဆိုးရွားတဲ့ အနံ့အသက်များရှိခြင်း၊ ယောနိတစ်ဝိုက် ယားယံခြင်းတို့ကို ခံစားလာရမယ် ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
- ရင်သားပုံစံ
ပြောင်းလဲခြင်း
ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း
အလွယ်တကူသိရှိနိုင်တဲ့ နောက်ထပ်အချက်ကတော့ ရင်သားပုံစံ ပြောင်းလဲသွားခြင်းပဲ ဖြစ်ပါတယ်။
မျိးအောင်သွားတဲ့အခါမှာ အမျိုးသမီးတွေရဲ့ ဟော်မုန်းပမာဏ ပြောင်းလဲသွားတာကြောင့် ရင်သားကြီးခြင်း၊
ရင်သားများနူးညံ့ခြင်း၊ နာကျင်ခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။
- မောပန်းနွမ်းနယ်ခြင်း
ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ
မိခင်လောင်းတွေ အနေနဲ့ မောပန်းနွမ်းနယ်ခြင်းဝေဒနာကို အမြဲလိုလို ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန်မှာ Progesterone ဟော်မုန်းပမာဏမြင့်တက်လာခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊
သွေးတွင်းသကြားဓာတ်များကျခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရတာကြောင့် အမြဲလိုလို မောပန်းနွမ်းနယ်ခြင်းကို
ခံစားနေရတာပဲ ဖြစ်ပါတယ်။
- ပျို့အန်ခြင်း
ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ
Morning Sickness လို့အမည်ရတဲ့ ပျို့အန်ခြင်းဝေဒနာကို မကြာခဏဆိုသလို ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဟော်မုန်း ပြောင်းလဲသွားခြင်းကြောင့် အခုလို ပျို့အန်ခြင်းတွေကို
ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။
- ရာသီထိန်ခြင်း
ကိုယ်ဝန်ရှိနေမှန်း
သိသာစေတဲ့ နောက်ထပ် တစ်ချက်ကတော့ ရာသီသွေးမဆင်းတော့ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ
ဟော်မုန်းအပြောင်းအလဲတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ဖိဆီးမှုတွေကြောင့်လည်း ရာသီထိန်ခြင်းကို
ဖြစ်ပေါ်စေနိုင်တဲ့အပြင် ကိုယ်ဝန်တားဆေးတွေ သောက်သုံးခြင်းကို ရပ်တန့်လိုက်တဲ့ အခါမျိုးမှာလည်း
ရာသီထိန်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- ချဉ်ခြင်းတက်ခြင်း
ကိုယ်ဝန်ရှိနေမှန်း
သိရှိနိုင်တဲ့ နောက်ထပ်တစ်ချက်ကတော့ အရင်တုန်းက နှစ်သက်ခဲ့တဲ့ အစားအစာတွေကို လုံးဝစားချင်စိတ်
မရှိတော့အောင် မုန်းတီးသွားခြင်းနဲ့ အရင်တုန်းက နှစ်သက်ခဲ့ခြင်း မရှိတဲ့ အစားအစာတွေကို
မစားရမနေနိုင်လောက်အောင် စားချင်စိတ်တွေ ဖြစ်လာခြင်းတို့ပဲ ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့
အချက်တွေအပြင် ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ မကြာခဏဆီးသွားခြင်း၊ ဝမ်းချုပ်ခြင်း၊ ခါးနာခြင်း၊
ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
REF: WebMD, Parents